ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် မက်ဆီ ထိပ်ဆုံးမှရပ်တည်

Posted on - Jun 12 []

Htoo Yan Ag

စာရေးသူ

Forbes မဂ္ဂဇင်းဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမား အယောက်၁၀၀စာရင်းကို ထုတ်ပြန်ခဲ့ပြီး အဆိုပါစာရင်းမှာတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြိုင်ဘက် ခရစ်စတီယာနို ရော်နယ်ဒိုကို ကျော်လွန်ပြီး နံပါတ်၁နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နံပါတ်၃နေရာမှာလည်း နေမာက ရောက်ရှိနေခဲ့တာကြောင့် ထိပ်ဆုံး၃နေရာကို ဘောလုံးသမားများကသာ လွှမ်းမိုးထားခဲ့ပါတယ်။

တစ်နှစ်အတွင်းမှာတင် ပေါင်သန်း၁၀၀နည်းပါး ဝင်ငွေရရှိခဲ့တဲ့ အာဂျင်တီးနားသားဟာ လေးနှစ်ဆက်တိုက် အဆိုပါစာရင်းရဲ့ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တဲ့ (လက်ရှိမှာတော့ အနားယူသွားပြီဖြစ်တဲ့) လက်ဝှေ့အကျော်အမော် ဖလွိုက်မေဝယ်လ်သာကို ကျော်ဖြတ်ပြီး ပထမဆုံးအကြိမ် ထိပ်ဆုံးကို ရောက်ရှိလာခဲ့တာပါ။ အသက်၃၁နှစ်အရွယ် မက်ဆီဟာ သူ့ရဲ့ လစာငွေနဲ့ ဆုကြေးတွေကနေပဲ ပေါင် ၇၂သန်းအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်အခြား စီးပွားရေးလုပ်ငန်းများမှ ပေါင်၂၈သန်း ထပ်မံ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ကို မကြာသေးခင်ကမှ ကိုင်မြောက်ထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုက ဝင်ငွေ ပေါင်၈၆သန်း ရရှိခဲ့ပြီး ဘရာဇီးတိုက်စစ်မှူး နေမာကတော့ ပေါင် ၈၃သန်း ရရှိထားခဲ့တာပါ။ သူ့တို့ ၃ယောက်ရဲ့နောက်မှာတော့ တခြား အားကစားနယ်ပယ်များမှ တောက်လျှောက် ရပ်တည်နေခဲ့ပြီး အဆင့် ၄၄နေရာမှာမှ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာက ပေါင် ၂၆သန်းနဲ့ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

အဆင့်၎နေရာမှာတော့ မက်ဆီကန် boxingသမား အယ်ဗာရက်ဇ်က ပေါင်၇၄သန်း နဲ့ ရပ်တည်နေပြီး အဆင့်၅နေရာမှာတော့ တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒါးရားက ပေါင် ၇၃.၅ သန်းနဲ့ ရပ်တည်နေခဲ့တာပါ။ သူတို့နောက်မှာတော့ အမေရိကန်ဖွတ်ဘောကစားသမားများနဲ့ ဘက်စကတ်ဘော ကစားသမာများက အဆင့်(၁၀) အတွင်း အစဉ်လိုက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။

အဆိုပါ ကစားသမား အယောက် ၁၀၀စာရင်းမှာတော့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာက ပေါင်၂၆သန်းဖြင့် အဆင့်၄၄ ၊ ဆန်းချက်ဇ်က ပေါင်၂၄သန်းဖြင့် အဆင့် ၅၃ ၊ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ၂၃.၇သန်းဖြင့် အဆင့် ၅၇ နဲ့ လီဗာပူးတိုက်စစ်မှူး ဆာလတ်က ပေါင် ၁၉.၇သန်းဖြင့် အဆင့်၉၉မှာ ရပ်တည်နေကာ ပရီးမီးယားလိဂ်က ၄ဦးသာ ပါဝင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အင်နီယေစတာ ၊ အမ်ဘက်ပီ ၊ အော်စကာ ၊ ဂရစ်ဇ်မန်း ၊ ဂါရတ်ဘေးလ် တို့လည်း အဆိုပါ အယောက်၁၀၀ စာရင်းမှာ အသီးသီး ပါဝင်နိုင်ခဲ့ကြပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။