EXO-L တွေ မျက်ခုံးလှုပ်ရမယ့် လတစ်လ (သို့မဟုတ်) ဇူလိုင်လ

Posted on - Jun 12 []

Mia Zin

စာရေးသူ

မကြာခင်ရောက်ရှိလာမယ့် ဇူလိုင်လဟာ တခြားသူတွေအတွက် ဘယ်လိုအမှတ်တရတွေနဲ့ ပြည့်နေမယ့်လဖြစ်မယ်ဆိုတာက မသေချာပေမယ့် EXO ရဲ့ ပရိသတ်တွေဖြစ်ကြတဲ့ EXO-L တွေအတွက်ကတော့ ပျော်စရာကောင်းပြီး အမှတ်ရစရာတွေဖန်တီးခွင့်ရမယ့် လတစ်လဖြစ်သလို မျက်ခုံးလှုပ်ရမယ့်လလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး အဖွဲ့လိုက်လှုပ်ရှားမှုတွေ နည်းပါးခဲ့တဲ့ EXO ဟာ ဒီလပိုင်းအတွင်းမှာ အဖွဲ့ဝင်တွေရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေသာရှိခဲ့ပါတယ်။ အဖွဲ့ဝင်ဖြစ်သူ Xiumin ကလည်း စစ်မှုထမ်းဆောင်နေရတာကြောင့် အဖွဲ့ဝင်တွေအားလုံးဆုံပြီး လှုပ်ရှားမှုတွေ အေးစက်ခဲ့တဲ့ EXO ဟာ လာမယ့် July မှာတော့ EXO-L တွေကို အမှတ်ရစရာတွေဖြစ်အောင် ဖန်တီးပေးတော့မှာ ဖြစ်ပါတယ်။

D.O. ဟာ ဇူလိုင်လ ၁ ရက်နေ့မှာ သူ စစ်မှုထမ်းဆောင်တော့မယ်ဆိုတာကိုတော့ အရင်ရက်တွေကတည်းက ပရိသတ်တွေကို ကြိုတင်အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဇူလိုင်လကို စိတ်မကောင်းဖြစ်ရမယ့်အမှတ်တရတစ်ခုနဲ့ စတင်ရမှာပါ။

ဒါပေမယ့် ဇူလိုင် ၆ ရက်နေ့ကျရင်တော့ ဟောင်ကောင်မှာပြုလုပ်မယ့် SBS ရုပ်သံဌာနရဲ့ 'Super Concert' ကို ကျန်ရှိတဲ့ EXO အဖွဲ့ဝင်တွေက တက်ရောက်မှာဖြစ်တာကြောင့် ဒါဟာ စိတ်မကောင်းဖြစ်နေမယ့် EXO-L တွေအတွက်တော့ စိတ်သက်သာရာရမယ့် သတင်းလေး ဖြစ်ပါတယ်။

နောက်ထပ် စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းတစ်ခုကတော့ EXO ရဲ့ ပဉ္စမမြောက် Concert ဖြစ်တဲ့ 'EXplOration'ကို ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နဲ့ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နေ့တွေမှာ ပြုလုပ်မယ်ဆိုတာပါပဲ။

ဇူလိုင်လမှာ EXO ပြုလုပ်မယ့် အနုပညာလှုပ်ရှားမှုတွေက ဒါတွေတင်မဟုတ်သေးပါဘူး။ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Chanyeol နဲ့ Sehun ကလည်းပဲ ၂ ယောက်အတူ Sub Unit အသစ်တစ်ခုနဲ့ ဇူလိုင်ထဲမှာ ပွဲထွက်မယ်ဆိုတဲ့အကြောင်းကို SM က အတည်ပြုထုတ်ပြန်ပေးထားတဲ့အပြင် အဖွဲ့ဝင်နောက်တစ်ယောက်ဖြစ်သူ Baekhyun ဟာဆိုရင်လည်း ဇူလိုင်လထဲမှာ တစ်ကိုယ်တော်အနေနဲ့ ပွဲထွက်မယ်ဆိုတာကို အသိပေးကြေညာထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ အနုပညာလှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်နေတဲ့ အဖွဲ့ဝင် Lay ကလည်းပဲ သူ့ရဲ့ ပထမဆုံးသော တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဇူလိုင်လထဲမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး EXO ရဲ့ အနုပညာလှုပ်ရှားမှုသတင်းတွေများစွာထဲကမှ နိုင်ငံတကာက ပရိသတ်သန်းပေါင်းများစွာကို မျက်ခုံးလှုပ်စေမယ့် နောက်ထပ်သတင်းတစ်ခုကတော့ EXO ရဲ့ Official Lightstick ဟာ third version အဖြစ်နဲ့ ထွက်ရှိလာဦးမယ်ဆိုတာပါပဲ။

ဇူလိုင်လကတော့ တကယ်ကို EXO-L တွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အမှတ်တရတွေကို ဆောင်ကျဉ်းပေးလာမယ့် လတစ်လပါပဲနော်။

Ref : KStarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။