ရီးရဲနဲ့ အပြောင်းအရွှေ့ကိစ္စတွေအတွက် အမ်ဘတ်ပီ ဘယ်လိုတုံ့ပြန်ခဲ့သလဲ

Posted on - Jun 12 []

Gunner Ksr

စာရေးသူ

ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူးအမ်ဘတ်ပီဟာ စီရော်နယ်ဒို၊ မက်ဆီတို့ရဲ့ခေတ်လွန် အနာဂတ် Ballon d'Or ဆုရှင်လောင်းအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ အသက် ၂၀ အရွယ်မှာပဲ အမ်ဘတ်ပီဟာ ပီအက်ဂျီအသင်းရဲ့ အဓိကတိုက်စစ်တာဝန်ကို ထမ်းဆောင်ထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ဥရောပရွှေဖိနပ်ဆုအတွက် မက်ဆီကို အနီးကပ်ဖိအားလိုက်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘတ်ပီအနေနဲ့ Ballon d'Or ဆုကို လိုချင်ရင် ရီးရဲကို ပြောင်းသင့်တယ်လို့ အကြံပေးမှုတွေလည်း ရှိနေတာပါ။

ရီးရဲအသင်းဟာ ဇီဒန်းရဲ့ တစ်ကျော့ပြန်လည်ကိုင်တွယ်မှုအောက်မှာ အသင်းကို ပြုပြင်ပြောင်းလဲမှုအကြီးစား ပြုလုပ်ဖို့စီစဉ်လျက်ရှိနေပြီး တတိယမြောက်ကြယ်စင်စုစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။

ထိပ်တန်းကစားသမားတော်တော်များများ ကို ပစ်မှတ်ထားနေတဲ့ ရီးရဲရဲဟာ အမ်ဘတ်ပီကိုလည်း ချိန်ရွယ်လျက်ရှိနေပါတယ်။ ဒါပေမယ့် အမ်ဘတ်ပီကတော့ လက်ရှိအချိန်က ရီးရဲနဲ့အပြောင်းအရွှေ့အကြောင်းတွေကို ပြောဆိုဖို့ အချိန်မတန်သေးကြောင်းသာ ဆိုခဲ့တာပါ။

"အခုအချိန်က ရီးရဲနဲ့အကြောင်းတွေကို ပြောဆိုရမယ့်အချိန်မဟုတ်သေးပါဘူး။ ခင်ဗျားတို့က ကျွန်တော့်ကို ဒီမေးခွန်းတွေ အမြဲမေးနေကြတယ်။ ဒါပေမယ့် အခုအချိန်က ပြောဆိုရမယ့်အချိန်မဟုတ်ပါဘူး"လို့သာတုံ့ပြန်ခဲ့ပါတယ်။

ပြတ်ပြတ်သားသား ငြင်းဆိုတာမဟုတ်ပုံကိုကြည့်မယ်ဆိုရင် ရီးရဲနဲ့ အမ်ဘတ်ပီကြားမှာ ချိတ်ဆက်မှုတစ်ခုခုတော့ ရှိနေမှာသေချာပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။