ရင်ဆိုင်ခဲ့ရဖူးသမျှထဲမှာ အခက်ခဲဆုံးပြိုင်ဘက်ကို ဖွင့်ဟခဲ့တဲ့ ပေါ့ဂ်ဘာ

Posted on - Jun 12 []

Gunner Ksr

စာရေးသူ

မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာဟာ 'The Times'နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာတော့ ကစားသမားဘ၀ ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ အခက်ခဲဆုံးပြိုင်ဘက်ကို ရွေးချယ်ဖွင့်ဟသွားခဲ့ပါတယ်။ မန်ယူကွင်းလယ်လူပေါ့ဂ်ဘာ ဟာ အသက် (၁၈) နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် စတင်လျှောက်လှမ်းခဲ့ပြီး မန်ယူ၊ ဂျူဗင်တပ် အသင်းတို့မှာ ကစားခဲ့သူဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစား သမားတွေထဲကတစ်ယောက်အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

ပေါ့ဂ်ဘာဟာ ကျင်လည်ခဲ့တဲ့ ကစားသမားဘ၀ (၈) နှစ်တာအတွင်းမှာ မက်ဆီ။ စီရော်နယ်ဒို၊ နေမာ အစရှိတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ရဖူးပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာအတွက် အခက်ခဲဆုံးပြိုင်ဘက်က သူတို့တစ်ယောက်မှ မဟုတ်ပါဘူး။

ပေါ့ဂ်ဘာရင်ထဲခဲ့ရတဲ့ကစားသမားတွေထဲမှာ အခက်ခဲဆုံးပြိုင်ဘက်တော့ သူ့ရဲ့ပြင်သစ်လက်ရွေးစင်အသင်းဖော် ကန်တီပဲဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ချဲလ်ဆီးကွင်းလယ်လူဖြစ်တဲ့ကန်တီနဲ့ ပရီးမီးယားလိဂ်မှာ မကြာခဏ ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ရသူပါ။

ကန်တီဟာ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးကွင်းလယ်အဖျက်ကစားသမားအဖြစ် ကျွမ်းကျင်သူတွေအားလုံးရဲ့ သတ်မှတ်ခြင်းကိုခံနေရသူပါ။ လက်စတာအသင်း အံ့အားသင့်ဖွယ်အနေအထားနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့နေရာမှာလည်း ကန်တီက အဓိကနေရာကနေ ပါဝင်ခဲ့သူပါ။

ဒါကြောင့် ကန်တီဟာ ပေါ့ဂ်ဘာအတွက်သာမကဘဲ ကစားသမားတိုင်းအတွက် ခက်ခဲတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်နေမှာ အသေအချာပါပဲ။

Ref All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။