နှစ်ဦးကြားက ရန်ငြိုးတွေကို အဆုံးသတ်လိုက်ကြပြီဖြစ်တဲ့ Taylor Swift နဲ့ Katy Perry

Posted on - Jun 12 []

Htoo Yan Ag

စာရေးသူ

ကမ္ဘာကျော် ပေါ့ပ်အဆိုတော်တွေဖြစ်ကြတဲ့ Taylor Swift နဲ့ Katy Perry တို့ အချင်းချင်း မတည့်ကြတာ ပရိသတ်တွေ သိပြီးသား ဖြစ်မှာပါ။ သူတို့နှစ်ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ အစိုင်အခဲတွေဟာ လွန်ခဲ့တဲ့ နှစ်တွေက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့နှစ်ဦးကြားက နှစ်ရှည်လများ ဖြစ်ပေါ်နေတဲ့ ရန်ငြိုးရန်စတွေကို အဆုံးသတ်လိုက်ကြပြီ ဖြစ်ပြီး သူငယ်ချင်းတွေအဖြစ် ချစ်ချစ်ခင်ခင်နဲ့ ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် မေလကတည်းက Katy Perry ဟာ Taylor Swift ထံ တောင်းပန်စာ တစ်စောင်ကို ရေးသားပေးပို့ခဲ့ပြီး Taylor Swift ကလည်း သူမရဲ့ Insta storyမှာ အသည်းပုံ emoji လေးနဲ့အတူ thank you katy ဆိုပြီး သူတို့နှစ်ဦး ပြေလည်စ ပြုနေပြီဆိုတာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ပတ်ခန့်ကလည်း Katy Perry ဟာ Taylor Swift ရဲ့ ကြောင်အသစ်လေး Benjamin Button အကြောင်း တင်ထားတဲ့ ပို့စ်ကို like လုပ်ခဲ့ပါတယ်။

Katy Perry က Taylor Swift ရဲ့ ပို့စ်ကို like လုပ်ပြီးမကြာမီမှာပဲ Taylor Swift ဘက်က သူမအမြဲနားဆင်နေကျ "ME!" Apple Playlist မှာ Katy Perry ရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ "Never Really Over" သီချင်းကို ထည့်သွင်းခဲ့ပါတယ်။ ဒီကနေ့မှာတော့ Katy Perry ဟာ သူမရဲ့ Instagram မှာ ကွတ်ကီးပုံလေးနဲ့အတူ Taylor Swift ကို mention ခေါ်ကာ "Let's Be Friends" ဆိုတဲ့ စာသားလေးကို ရေးပြီးတင်ထားခဲ့ပါတယ်။

ဒါ့အပြင် Taylor Swift ထံ ပေးပို့လိုက်တဲ့ ချောကလက် ကွတ်ကီးမှာလည်း Peace At Last ဆိုတဲ့ စာသားလေး ပါဝင်ခဲ့ပါတယ်။ ခင်မင်မှု အထိမ်းအမှတ်လက်ဆောင်အဖြစ် ချောကလပ် ကွတ်ကီးပေးပြီး သူငယ်ချင်း လုပ်ရအောင် လို့ Katy Perry ကတင်ထားခဲ့တာကြောင့် သူတို့နှစ်ဦးကြားမှာ ဘာရန်ငြိုးရန်စမှ မရှိတော့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ကာ သူတို့ရဲ့ ပရိသတ်တွေအတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

Taylor Swift ဟာ "Bad Blood" သီချင်း ထွက်ရှိအပြီးမှာပဲ သူမရဲ့ အကျင့်မကောင်းတဲ့ သူငယ်ချင်းအကြောင်း စပ်ဆိုထားခဲ့တာ ဖြစ်တယ်လို့ ဝန်ခံသွားခဲ့တာကြောင့် Katy Perry ကို diss လုပ်တာဖြစ်ကြောင်း ပရိသတ်တွေက ချက်ချင်းပဲ သိရှိခဲ့ကြပြီး Katy Perry ကလည်း "Swish Swish " သီချင်းနဲ့ ပြန်လည်ချေပခဲ့ပါတယ်။ အခုအချိန်မှာတော့ သူတို့နှစ်ဦးဟာ ငယ်သူငယ်ချင်း အရင်းကြီးတွေပမာ ချစ်ချစ်ခင်ခင်နဲ့ အဆင်ပြေနေကြပြီး ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ပေါင်းပြီး သီချင်းတစ်ပုဒ် ထွက်ရှိလာဖို့ မျှော်လင့်နေကြပါတယ်။

REF : BuzzFeed
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။