ဂျူဗင်တပ်ကို ဆာရီ တစ်ပါတည်း ခေါ်ဆောင်သွားဖို့ ကြံရွယ်နေတဲ့ ချဲလ်ဆီးကစားသမားနှစ်ယောက်

Posted on - Jun 12 []

Gunner Ksr

စာရေးသူ

ချဲလ်ဆီးနည်းပြဆာရီဟာ စီးရီးအေထိပ်သီးကလပ်ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။ ဆာရီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နွေရာသီကမှ ချဲလ်ဆီးကိုရောက်ရှိလာတာဖြစ်ပေမယ့် တစ်နှစ်အကြာမှာပဲ အီတလီကို ပြန်သွားတော့မှာပါ။ ဂျူဗင်တပ်အသင်းဟာ အမ်လီဂရီနဲ့နေရာကို ဆာရီနဲ့ အစားထိုးသွားမှာဖြစ်ပြီး သိပ်မကြာခင်အချိန်အတွင်းမှာ အပြောင်းအရွှေ့အဆုံးသတ်နိုင်ဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒါကြောင့် ဆာရီအနေနဲ့ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်မယ်ဆိုရင် လက်ရှိချဲလ်ဆီးကစားသမားနှစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားဖို့ ရှိနေပါတယ်။ သူတို့တွေကတော့ တခြားလူတွေမဟုတ်ပါဘူး။ တိုက်စစ်မှူးဟီဂူအင်နဲ့ နောက်ခံလူအီမာဒါတို့ပါပဲ။

ဆာရီဟာ တိုက်စစ်မှူးဟီဂူအင်နဲ့ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး နာပိုလီမှာ လက်တွဲခဲ့ကာ ချဲလ်ဆီးကိုလည်း သူပဲ ခေါ်ဆောင်လာတာဖြစ်ပါတယ်။ ဟီဂူအင်ဟာ ချဲလ်ဆီးမှာခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဟီဂူအင်ဟာ ဂျူဗင်တပ်ကစားသမားအဖြစ် ရှိနေတာပါ။

ဒါကြောင့် ဆာရီက သူသာဂျူဗင်တပ်နည်းပြဖြစ်လာရင် ဟီဂူအင်ကို အသင်းမှာပဲ ဆက်ထိန်းသွားမှာဖြစ်ပါတယ်။ နောက်တစ်ယောက်တော့ ရိုးမားနဲ့အတူ စီးရီးအေမှာ ကစားခဲ့ဖူးတဲ့ နောက်ခံလူအီမာဆင်ပဲ ဖြစ်ပါတယ်။

အီမာဆင်ဟာ ဆာရီရဲ့လက်အောက်မှာ နေရာရလာသူဖြစ်ပြီး ဆာရီက အဓိကနောက်ခံလူအလွန်ဆိုထက်တောင် အီမာဆန်ကိုပိုပြီးသဘောတွေ့ခဲ့တဲ့အနေအထားပါ။ ဒါ့အပြင် ဆာရီအနေနဲ့ သူအချစ်ဆုံးတပည့်ကို အားလုံးက သတ်မှတ်ခံထားရတဲ့ ဂျော်ဂျင်ဟိုကို မခေါ်ယူမှာကိုတော့ အားလုံးက အံ့အားသင့်ခဲ့ကြပါတယ်။

Ref All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။