ရီးရဲကနေ ဘာကြောင့်ထွက်ခွာခဲ့ရသလဲဆိုတာ ပြောပြလိုက်ပြီဖြစ်တဲ့ စီရော်နယ်ဒို

Posted on - Jun 12 []

Gunner Ksr

စာရေးသူ

ပေါ်တူဂီအသင်းခေါင်းဆောင်စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်နွေရာသီအပြောင်းအရွှေ့က လာလီဂါထိပ်သီးကလပ် ရီးရဲကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားသူဖြစ်ပါတယ်။ အခုဆိုရင် စီရော်နယ်ဒိုတစ်ယောက် ရီးရဲကနေ ထွက်ခွာလာခဲ့တာ (၁) နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ တကယ်တော့ စီရော်နယ်ဒိုတစ်ယောက် ရီးရဲကနေ ထွက်ခွာသွားတာက ဘောလုံးလောကတစ်ခုလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။

အသက်အရွယ်အရ၊ အောင်မြင်မှုပိုင်းအရ စီရော်နယ်ဒိုဟာ ရီးရဲမှာပဲ ကစားသမားဘ၀ကုန်ဆုံးမယ်လို့လည်း အားလုံးက တွက်ဆထားကြတာဖြစ်ပါတယ်။ အခုအခါမှာတော့ စီရော်နယ်ဒိုဟာ သူ့အနေနဲ့ ရီးရဲကနေ ဘာကြောင့်ထွက်ခွာခဲ့ရသလဲဆိုတာကို ဖွင့်ဟသွားခဲ့ပါပြီ။

"ရီးရဲမှာ ကုန်ဆုံးခဲ့ရတဲ့ကာလတွေဟာ ကျွန်တော့်ဘ၀ရဲ့ အပျော်ရွှင်ဆုံးအချိန်တွေလည်း ဖြစ်ပါတယ်။ အသင်းအတွက်၊ ကျွန်တော့်ရဲ့ဝါသနာအတွက်၊ မက်ဒရစ်မြို့ကြီးအတွက် တကယ့်ကိုကျေနပ်မိပါတယ်။ ပရိသတ်တွေအားလုံးဆီက အချစ်တွေကိုလည်း ရရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချိန်က ကျွန်တော့်ဘ၀မှာ နောက်ထပ်ခြေလှမ်းထပ်လှမ်းရမယ့်အချိန်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ ဒါကြောင့် အားလုံးအနေနဲ့ ကျွန်တော့်ကိုနားလည်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ရီးရဲဟာ မိသားစုနဲ့ထပ်တူ ကျွန်တော့်နှလုံးသားထဲမှာ ကိန်းအောင်နေတော့မှာပါ။

အသင်းဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့၊ ကျွန်တော့်ရဲ့ရဲ့ဘော်ဟောင်းတွေ၊ ဆေးအဖွဲ့ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ထာထက်ပိုတဲ့အကြောင်း ပြောချင်ပါတယ်"လို့ စီရော်နယ်ဒိုက ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပေါ်တူဂီအသင်းနဲ့အတူ Euro Nations League ဖလားကို ရယူနိုင်ခဲ့ပါတယ်။

Ref All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။