K-pop သမိုင်းတစ်လျှောက်မှာ ကုန်ကျစရိတ်အများဆုံးနဲ့ ရိုက်ကူးခဲ့တဲ့ MV (၅) ပုဒ်

Posted on - Jun 12 []

Mia Zin

စာရေးသူ

K-pop ရဲ့ MV တွေဟာ အသေအချာပြင်ဆင်ပြီးမှသာ ရိုက်ကူးကြတာကြောင့် ကြည့်ရှုရသူ ပရိသတ်တွေအဖို့ စိတ်ကျေနပ်မှုတွေ၊ မျက်စိပသာဒဖြစ်စရာကောင်းတဲ့ MV တွေအဖြစ်နဲ့ ထွက်ရှိလာကြပါတယ်။ ဒီလိုမျိုး ကောင်းမွန်လှတဲ့ MV ကောင်းတစ်ပုဒ်ကို ဖန်တီးပုံဖော်ရိုက်ကူးဖို့ရာမှာလည်း ငွေကြေးကုန်ကျမှုကို မြောက်များစွာအကုန်ခံပြီးရိုက်ကူးရတာ ဖြစ်ပါတယ်။ အခုဖော်ပြပေးချင်တဲ့ MV (၅) ပုဒ်ကတော့ K-pop သမိုင်းတစ်လျှောက်မှာ ကုန်ကျစရိတ်အများဆုံးနဲ့ ရိုက်ကူးခဲ့တဲ့ MV တွေ ဖြစ်ကြပါတယ်။ ဘယ် MV တွေဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

Super Junior's 'Devil' ($300,000 USD)

Super Junior ရဲ့ "Devil" MV ဟာဆိုရင် သာမန် MV တွေနဲ့ ကွဲထွက်နေပြီး အက်ရှင်ဇာတ်ကားတစ်ကားပုံစံမျိုး ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရိုက်ကူးမှုကုန်ကျစရိတ်က ကန်ဒေါ်လာ ၃ သိန်းပတ်ဝန်းကျင်ရှိခဲ့ပြီး အဲဒီပမာဏဟာ နဂိုမှန်းထားတဲ့ပမာဏထက်တောင် နည်းပါးနေသေးပါတယ်။ ကုန်ကျစရိတ်ကို ဘယ်လောက်တောင်များ ခန့်မှန်းထားခဲ့ကြတာပါလိမ့်။

Super Junior's 'Devil'

2NE1's 'Come Back Home' ($500,000 USD)

နာမည်ကြီး အမျိုးသမီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 2NE1 ရဲ့'Come Back Home' MV မှာဆိုရင် Special Effect တွေ များစွာထည့်သုံးထားကိုတွေ့ရမှာပါ။ ဂရပ်ဖစ်နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဒီ MV ဟာဆိုရင် K-pop လောကရဲ့ ကုန်ကျစရိတ်အများဆုံးနဲ့ ရိုက်ကူးခဲ့တဲ့ MV တစ်ပုဒ်အဖြစ်နဲ့ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ တကယ်တမ်း ရိုက်ကူးမှုကုန်ကျစရိတ်ဆိုရင် ကန်ဒေါ်လာ ၁ သန်းလောက် ခန့်မှန်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

2NE1's 'Come Back Home'

B.A.P.'s One Shot ($900,000 USD)

B.A.P ရဲ့ 'One Shot' MV ဟာဆိုရင် K-pop လောကရဲ့ အကောင်းဆုံးနဲ့ ကုန်ကျစရိတ်အများဆုံးနဲ့ ရိုက်ကူးခဲ့တဲ့ MV တစ်ပုဒ်အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ခမ်းနားကြီးကျယ်ပြီး မင်တက်စရာကောင်းလှတဲ့ ရိုက်ကူးချက်တွေနဲ့ ပုံဖော်ထားတဲ့ ဒီ MV ရဲ့ ကုန်ကျစရိတ်ကတော့ ကန်ဒေါ်လာ ၉ သိန်းမျှ ဖြစ်တယ်လို့ သိရပါတယ်။

B.A.P.'s One Shot

INFINTE's Destiny ($900,000 USD)

INFINTE ရဲ့ Destiny MV ကတော့ ကန်ဒေါ်လာ ၉ သိန်းနဲ့ ပုံဖော်ထားတဲ့ MV တစ်ပုဒ်ဖြစ်ပြီး လေယာဉ်ပျံအစစ်ကြီးတွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရိုက်ကူးမှုကုန်ကျစရိတ်ဟာ ဒီလောက်အထိ ကုန်ကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

INFINTE's Destiny

T-ara's Cry Cry & Lovey Dovey ($1 million USD)

T-ara ရဲ့ Cry Cry နဲ့ Lovey Dovey MV တွေကတော့ ဒီစာရင်းမှာ ကုန်ကျစရိတ်အများဆုံးဆိုတဲ့ MV တွေအဖြစ်နဲ့ပါဝင်လို့နေပါတယ်။ ဒီ MV ၂ ပုဒ်ရဲ့ ရိုက်ကူးမှုကုန်ကျစရိတ်က တစ်ပုဒ်ကို ကန်ဒေါ်လာ ၁ သန်းဆီမျှရှိပြီး 'Cry Cry' MV ဆိုရင် K-pop သမိုင်းရဲ့ ကြာချိန်အမြင့်ဆုံးသော MV တစ်ပုဒ်ဖြစ်ပါတယ်။

T-ara's Cry Cry

T-ara's Lovey Dovey

Ref : KStarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။