သူငယ်ချင်းတွေနဲ့ ဂိမ်းတွေ့ဆော့ရင်း ပျော်ရွှင်နေတဲ့ သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်

Posted on - Jun 12 []

Rowena

စာရေးသူ

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးခြင်းတွေကို ရပ်နားထားပြီး ပွဲအခမ်းအနားတွေကိုသာ တက်ရောက်ပေးနေတာပဲ ဖြစ်ပါတယ်။ မနေ့က ဇွန်လ(၁၁) ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်က မင်းသားချော ပိုင်တံခွန်နဲ့အတူတူ တောင်ကြီးမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

တောင်ကြီးမှာ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ သူငယ်ချင်းတွေတစ်စု ညစာစားရင်း ပျော်ပျော်ရွှင်ရွှင် ဂိမ်းတွေဆော့ကစားခဲ့ကြပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့ရဲ့ ပျော်စရာဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ရတဲ့ သင်ဇာ

သင်ဇာကတော့ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရင်း အချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း သင်ဇာတို့ သူငယ်ချင်းတွေ ဗီဒီယိုကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source:Thin Zar Wint Kyaw's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။