ဗန်ဒိုက်ခ်ျနဲ့ ဗီဒစ်တို့ကို ပရိသတ်တွေ နှိုင်းယှဉ်နေချိန်မှာ သူတို့၂ဦးထက်ပိုကောင်းသူ ပေါ်ထွက်လာ

Posted on - Jun 12 []

Htoo Yan Ag

စာရေးသူ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေနဲ့ လီဗာပူးပရိသတ်တွေဟာ ၂၀၀၈ခုနှစ်က ယူနိုက်တက်နောက်ခံလူ ဗီဒစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ယခုနှစ် ဗန်ဒိုက်ခ်ျရဲ့ စွမ်းဆောင်ရည်တို့ကို နှိုင်းယှဉ်ပြီး အငြင်းပွားနေခဲ့ကြပါတယ်။ အဲ့ဒီ့အချိန်မှာပဲ မှတ်တမ်းအချက်အလက်တွေအရ သူတို့၂ဦးထက် ပိုကောင်းခဲ့တဲ့ ကစားသမား၁ဦး ပေါ်ထွက်လာခဲ့ပါတယ်။

သူ့ရဲ့ နာမည်က ဘရမ်ဘယ်လ် လို့ခေါ်ပါတယ်။ နာမည္အျပည့္အစံု တီတပ္စ္ဘရမ္ဘယ္ပါ။ သူဟာ ၂၀၀၈ခုနှစ်က ဝီဂန်အသင်းမှာ ကစားခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေဟာ ဗန်ဒိုက်ခ်ျ ၊ ဗီဒစ်တို့ထက် ပိုမိုသာလွန်နေခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဗန်ဒိုက်ခ်ျဟာ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့အထိ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ ကောင်းမွန်ခဲ့ပြီး သူ့အတွက် ထူးခြားတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ရပါတယ်။

ဒါကို ယူနိုက်တက်ပရိသတ်များက ဗန်ဒိုက်ခ်ျရဲ့ စွမ်းဆောင်ရည်ဟာ ၂၀၀၈ခုနှစ် အသင်းရဲ့ ခံစစ်ကျောက်ဆောင်ဖြစ်ခဲ့တဲ့ ဗီဒစ်ရဲ့ မှတ်တမ်းတွေနဲ့ ဗန်ဒိုက်ခ်ျကို နှိုင်းယှဉ်ဖော်ပြခဲ့ကြပါတယ်။ အချက်အလက်တွေအရတော့ ဗီဒစ်ဟာ ပိုမိုသာလွန်ခဲ့ပေမယ့် တကယ်တမ်းတော့ သူတို့ ဝီဂန်နောက်ခံလူကို မေ့နေပုံ ရပါတယ်။

အစ်ခ်ျဆွစ် ၊ နယူးကာဆယ် ၊ ဆန်းဒါးလန်း အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘရမ်ဘယ်လ်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝမှာ အကောင်းဆုံးအချိန်ကတော့ ဝီဂန်အသင်း ရောက်ရှိနေချိန်မှာပါ။ သူ့ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေကို ကြည့်လိုက်တဲ့အခါမှာတော့ ဗန်ဒိုက်ခ်ျရော ၊ ဗီဒစ်ထက်ပါ ဘောလုံးဖျက်ထုတ်မှု ၊ ကြားဖြတ်လုယူမှု ၊ ခေါင်းတိုက်ယှဉ်လုမှု ၊ အပိုင်ကန်သွင်းခွင့် တားဆီးနိုင်မှု တို့မှာ အဘက်ဘက်မှာ သာလွန်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဥရောပက နာမည်ကြီးမီဒီယာတွေကတော့ ဘရမ်ဘယ်လ်လို ကစားသမားပုံရိပ်မြင့်မားခြင်း မရှိတဲ့ ကစားသမားရဲ့ ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြခြင်းမရှိပဲ ဗန်ဒိုက်ခ်ျနဲ့ ဗီဒစ်တို့ကိုပဲ ဘယ်သူပိုကောင်းလဲဆိုတဲ့ debate တွေ ပြုလုပ်နေခဲ့တာပါ။ ဘရမ်ဘယ်လ်ကို ပရိသတ်တွေလည်း သိပ်မသိကြတာကြောင့်ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းရဲ့ တစ်ထောင့်တစ်နေရာမှာတော့ သူ့ရဲ့နာမည်ဟာ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

REF : sport bible
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။