တောင်ကြီးမှာ ပွဲအတူတက်ခဲ့တဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့အမိုက်စားပုံရိပ်တွေ

Posted on - Jun 12 []

Myint Myat

စာရေးသူ

ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့နှစ်ဦးကတော့ လတ်တလောမှာ Canal+ ရဲ့Fan Meeting ပွဲအတွက် မန္တလေးမှတစ်ဆင့် တောင်ကြီးသို့ ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုင်တံခွန်က တောင်ကြီးက ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တဲ့ သူနဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ပုံတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အထာကျတဲ့ ဖက်ရှင်နဲ့ လိုက်ဖက်ညီလွန်းစွာ ပွဲတက်ခဲ့တဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ပုံရိပ်တွေက အရမ်းကို မိုက်နေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် တောင်ကြီးမှာပြုလုပ်တဲ့ Canal + အတွက် Fan Meeting ပွဲကို အတူတက်ရောက်ခဲ့တဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ပုံ့ရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ 'တောင်ကြီးရောက်တော့ တောင်ပေါ်သားဖြစ်ချင်တာမျိုး 😁TG Fans meeting for Canal+ 🖤 " ဆိုပြီး သူနဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

ပိုင်တံခွန်ကတော့ အမြဲအလွှင့်နော်...

ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ အနုပညာမောင်နှမနှစ်ဦးကတော့ မကြာခင်ကြည့်ရှုကြရတော့မယ့် "ဘယ်သူလဲ" ဆိုတဲ့ ဇာတ်ကားကြီးထဲမှာလည်း အမိုက်စားသရုပ်ဆောင်ထားကြပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ဂေါ်နေတဲ့ ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Paing Takhon's Facebook
Photo;Htet Paing

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။