ဟာဇက်ရဲ့အဓိကလက်နက်ဟာ တင်ပါးဖြစ်ကြောင်း ရှင်းပြလာခဲ့တဲ့ ဘယ်ဂျီယံနည်းပြ

Posted on - Jun 12 []

Htoo Yan Ag

စာရေးသူ

ဘယ်ဂျီယံလက်ရွေးစင်အသင်းရဲ့နည်းပြ ရော်ဘတ်တိုမာတီနက်စ်ဟာ သူ့ရဲ့ကစားသမားဟာဇက်အနေနဲ့ ခြေစွမ်းပြနေနိုင်ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ကို ရှင်းပြလာခဲ့ပါတယ်။ မာတီနက်စ်ရဲ့ ရှင်းပြမှုဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ဟာဇက်ရဲ့ လက်နက်က သူ့ရဲ့ နာမည်ကျော် တင်ပါးဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

အသက်၂၈နှစ်အရွယ် ဟာဇက်ဟာ ချယ်ဆီးအသင်းကနေ ပေါင်၈၉သန်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီလို့ အတည်ပြုပြီးနောက်မှာ ဘယ်ဂျီယံနည်းပြကြီးက AS သတင်းစာနဲ့ အင်တာဗျူးမှာ ဟာဇက်ရဲ့ အားသာချက်တွေကို ဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ဟာဇက်ရဲ့ သူများနဲ့မတူပဲ တစ်မူထူးခြားပြီး ကြီးမားနေတဲ့ တင်ပါးသာ သူ့အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

မာတီနက်ဇ်က " သူ့ရဲ့တင်ပါးဟာ ဆွဲအားရဲ့ အလယ်တည့်တည့်မှာ ရှိပါတယ်။ ဘောလုံးသမားတွေထဲမှာ သူ့အရပ်က ပုတယ်လို့ ပြောရမှာပါ။ အဲ့ဒါကြောင့် တစ်ဦးချင်း ရင်ဆိုင်တွေ့တဲ့အခါမျိုးမှာ သူ့ရဲ့ တင်ပါးကို အသုံးပြုပြီး အခြားကစားသမားတွေ မလုပ်နိုင်တဲ့ လှည့်စားမှုမျိုးကို ပြုလုပ်နိုင်ပါတယ်။ " လို့ ရှင်းပြသွားခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ်ရဲ့ စကားကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်တော့ အရပ် ၅ပေ၇လက်မ သာရှိတဲ့ ဟာဇက်ဟာ ပေါ့ပါးကျစ်လျစ်တဲ့ ကိုယ်လုံးကို ပိုင်ဆိုင်ထားသူပါ။ အလေးချိန် ၇၆ ကီလိုသာရှိတဲ့အတွက် နောက်ခံလူတွေနဲ့ရင်ဆိုင်ရာမှာ လျင်လျင်မြန်မြန်နဲ့ လှည့်စားကျော်ဖြတ်နိုင်ဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါေ့ကြာင့် မာတီနက်ဇ် မှန်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ခံထားကြပါတယ်။

ဟာဇက်ကလည်း " ကျွန်တော် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ သိပ်အများကြီးမလုပ်ပါဘူး။ ကျွန်တော်ရဲ့ သွေးထဲမှာ လေ့ကျင့်စရာမလိုတဲ့ စွမ်းရည်တွေ ပါပြီးသာပါ။ " လို့ ပြောကြားခဲ့ပါတယ်။ ဟာဇက်အပြင် တင်ပါးကြီးသူအဖြစ် နာမည်ကျော်တာကတော့ မန်စီးတီးတောင်ပံကစားသမား စတာလင်ဖြစ်ပြီး သူတို့နှစ်ဦးစလုံး ကစားတဲ့နေရာနဲ့ လျင်မြန်ပုံခြင်းက အနည်းငယ် တူညီနေတာလည်း ဖြစ်ပါတယ်။

REF : sport bible
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။