Myanmar Idol Season 4 လျှောက်လွှာများ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်းသိရ

Posted on - Jun 12 []

Moe Kalay

စာရေးသူ

မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲများစွာထဲမှ မြန်မာတစ်နိုင်ငံလုံး သာမက ပြည်ပမှ ပရိသတ်တွေပါ စိတ်ဝင်တစား အားပေးခြင်းကို ခံထားရတဲ့ သီချင်းဆိုပြိုင်ပွဲကြီးကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီး ပဲဖြစ်ပါတယ်။ တစ်ခဲနက် အားပေးသူ ပရိသတ်တွေ များစွာ ရှိတဲ့ Myanmar Idol ပွဲကြီးဟာဆိုရင် နှစ်တိုင်း နာမည်ကြီးပြီး လူကြိုက်များတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် တစ်ကျော့ပြန် ရောက်ရှိလာတော့မယ့် Myanmar Idol Season4 ပွဲကြီးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Myanmar Idol Season4 ပွဲကြီးက အရည်အချင်း ရှိတဲ့ Winner တွေကို မွေးထုတ်ပေးတဲ့ ပြိုင်ပွဲကြီးပါ။ ဒီနှစ်မှာတော့ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်ဆုံးဖြတ်ပေးမယ့် ဒိုင်တွေကတော့ ဝါရင့်အဆိုတော် ဒါရိုက်တာကြီး အောင်ကိုလတ် ၊ အဆိုတော် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းနဲ့ အစီအစဉ်တင်ဆက်သူ အဖြစ် ကျော်ထက်အောင် တို့ပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် အသံရွေးချယ်မှုကို ၆လပိုင်း ၁၅ရက်နေ့ကနေ စတင်ရွေးချယ်တော့မှာဖြစ်ပြီး တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဖားအံ၊ ရန်ကုန်တိုင်းတို့မှာ သွားရောက်ရွေးချယ်မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Myanmar Idol offical page မှ Myanmar Idol Season 4 လျှောက်လွှာများ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်းခုလိုဖော်ပြထားပါတယ်။ "လျှောက်လွှာများကို ရန်ကုန်မြို့ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ Shwe FM နှင့် တာမွေမြို့နယ်၊အရှေ့မြင်းပြိုင်ကွင်းလမ်း ရွှေထွဠ်တင်တွင်ထုတ်ယူနိုင်ပြီး အခြားမြို့များရှိပဏာမအသံစစ်ဆေးမည့်နေရာများတွင် အခမဲ့လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။"

အနယ်နယ်အရပ်ရပ်မှအဆိုဝါသနာပါသူ ပြိုင်ပွဲဝင်ချင်ကြတဲ့သူတွေကတော့ ဖော်ပြပါနေရာများမှာ ဖောင်များသွားရောက်ထုတ်ယူနိုင်ပြီပဲ ဖြစ်ပါတယ်။

မိုမိုလေးပရိသတ်ကြီးတွေကလည်း Myanmar Idol Season 4 ပွဲကြီးကို စောင်မျှော်အားပေးကြဖို့ မမေ့နဲ့နော်။

Moekalay
Source;myanmar idol page

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။