Lisa ကို ကာတွန်းဇာတ်ကောင်နဲ့ ခိုင်းနှိုင်းခဲ့တဲ့ Jisoo ကြောင့် BLINK တွေအားလုံး ရင်ခုန်ခဲ့ရ

Posted on - Jun 12 []

Moe Kalay

စာရေးသူ

BLACKPINK အဖွဲ့ဝင် Lisa ဟာ ချောမောလှပလွန်းတဲ့ နတ်သမီးလေးတစ်ပါးဆိုတာ ယုံမှားစရာမရှိပါဘူး။ မြင်သူတိုင်း ငေးမောစေရမယ့်အလှတရားကို ပိုင်ဆိုင်ထားတဲ့ Lisa ဟာ သူ့ရဲ့အလှတွေနဲ့ အားလုံးကို အမြဲတမ်းဖမ်းစားနိုင်ဆဲဖြစ်ပါတယ်။ ဒါကြောင့် BLINK တွေအားလုံးကလည်း Lisa ရဲ့အလှမှာ ယစ်မူးရစမြဲပါ။ အခုအခါမှာတော့ Lisa ဟာ ပုံတစ်ပုံနဲ့အတူ BLINK တွေအားလုံးရဲ့နှလုံးသားကို အရည်ပျော်အောင် ပြုလုပ်ထားခဲ့ပြန်ပြီဖြစ်ပါတယ်။

Lisa ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Instagram မှာ ဓာတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။ အစိမ်းရောင်အကျီဝတ်ဆင်ထားတဲ့ Lisa ရဲ့အလှဟာ မြင်သူတိုင်း အသက်ရှူရပ်တန့်သွားနိုင်လောက်တဲ့အထိပါ။ Lisa ရဲ့အလှမှာ ယစ်မူးခဲ့တာ BLINK တွေသာမကဘဲ BLACKPINK အဖွဲ့ဝင် Jisoo လည်းပါဝင်ခဲ့ပါတယ်။

Jisoo ဟာ Lisa ရဲ့ Post အောက်မှာ "Hello Dubi"ဆိုပြီး Comment လာရောက်ရေးသားခဲ့တာဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်းမှာပဲ BLINK တွေက Jisoo ရဲ့ Comment ကို သတိထားမိသွားခဲ့ပါတယ်။

"Dubi"ဆိုတာ ကလေးအစီအစဉ်ဖြစ်တဲ့ Teletubbies ထဲက အစိမ်းရောင်ဇာတ်ကောင်ပဲဖြစ်ပါတယ်။ အစိမ်းရောင်အကျီကိုဝတ်ဆင်ထားတဲ့ Lisa ကိုမြင်လိုက်တဲ့အခါမှာတော့ Jisoo စိတ်ထဲ Dubi ကိုချက်ချင်းပြေးမြင်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

Jisoo ရဲ့စိတ်ကူးလေးဟာ တကယ့်ကိုချစ်စရာကောင်းလွန်းတယ်လို့ ပရိသတ်အများအပြားက ပြောဆိုခဲ့ကြပါတယ်။ Jisoo ပြောတဲ့ Dubi Lisa လေးကို ပရိသတ်တွေအားလုံးက အမြဲတမ်းအချစ်ပိုနေရမြဲ ဖြစ်ပါတယ်။


Ref Koreaboo

Moeklay

Jisoo ရဲ့စိတ်ကူးလေးဟာ တကယ့်ကိုချစ်စရာကောင်းလွန်းတယ်လို့ ပရိသတ်အများအပြားက ပြောဆိုခဲ့ကြပါတယ်။ Jisoo ပြောတဲ့ Dubi Lisa လေးကို ပရိသတ်တွေအားလုံးက အမြဲတမ်းအချစ်ပိုနေရမြဲ ဖြစ်ပါတယ်။


Ref Koreaboo

Moeklay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။