မနှစ်ကနဲ့ ဘာတွေပြောင်းလဲသွားသလဲဆိုတာ BTS အဖွဲ့ဝင်ကိုယ်စီ ဖွင့်ဟ

Posted on - Jun 12 []

Moe Kalay

စာရေးသူ

BTS အဖွဲ့ဝင်တွေကိုယ်စီဟာ သူတို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနဲ့ ဘာတွေကွာခြားပြောင်းလဲသွားသလဲဆိုတာကို အသီးသီးဖွင့်ဟသွားခဲ့ပါတယ်။ BTS အဖွဲ့ဟာ ဇွန်လ (၁၁) ရက်နေ့က “2019 BTS FESTA” အတွက် Profile Card အသစ်တွေကိုထုတ်ခဲ့ပါတယ်။ အဲဒီမှာBTS အဖွဲ့ဝင်တစ်ယောက်စီက ပုဂ္ဂိုလ်ရေးဆိုင်ရာမေးခွန်းတွေကို ဖြေကြားခဲ့ပြီး "ပြီးခဲ့တဲ့တစ်နှစ်ကနဲ့ ဘာပြောင်းလဲသွားသလဲ"ဆိုတဲ့မေးခွန်းကိုပါ ဖြေခဲ့တာပဲ ဖြစ်ပါတယ်။ BTS အဖွဲ့ဝင်တွေ ဘာတွေပြောင်းလဲသွားသလဲဆိုတာ ခံစားကြည့်ကြပါဦး။

1.RMရဲ့ပြောပြချက်

"ကျွန်တော်ကြိုက်နှစ်သက်တဲ့အရာတွေကိုပိုပြီး လုပ်ခွင့်ရလာတယ်။ မြင်တဲ့အရာတွေ၊ စောင့်ရှောက်ချင်တဲ့အရာတွေကို ပိုပြီးလုပ်လာနိုင်တယ်။ အနုပညာကို သဘာဝအတိုင်းဖန်တီးနိုင်လာနိုင်လို့ ပျော်ရွှင်လာတယ်။ လန်းဆန်းလာတယ်။ အဆက်ရှင်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ရှာဖွေနိုင်လာတယ်။"

2. Jin ရဲ့ပြောပြချက်

"ကျွန်တော်ကတော့ အ၀တ်အစားတွေကို စပြီးဝယ်လာတယ်"

3. Suga ရဲ့ပြောပြချက်

"အသက်တစ်နှစ်ကြီးလာခဲ့ပြီ။ ၂၇ နှစ်ရှိလာပြီ"

4.J Hope ရဲ့ပြောပြချက်

"ကျွန်တော့်ရဲ့အသက်လား။ ပြီးခဲ့တဲ့နှစ်ကနဲ့ အတူတူပဲဗျ"

5.Jimin ရဲ့ပြောကြားချက်

"မကောင်းတဲ့အကြောင်းတွေကို မတွေးတော့ဘူး"

6. V ရဲ့ပြောကြားချက်

"ဆံပင်အရောင်။ ဆံပင်ရှည်ဖို့ကို အာရုံစိုက်တယ်။ ဒီနေ့ရက်တွေမှာ မနက်တိုင်းဟာ ခက်ခဲပါတယ်"

7 Jungkook ရဲ့ပြောကြားချက်

" ပိုပြီးကောင်းအောင်ဝတ်ဆင်လာတယ်။ အသက်ပိုကြီးလာတယ်။ ပိုပြီး ရင့်ကျက်လာတယ်"

Ref Koreaboo

moeklay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။