D.O. စစ်မှုထမ်းဆောင်သွားရင် လွမ်းနေရမယ့် အရာ (၅) ခု

Posted on - Jun 13 []

Myint Myat

စာရေးသူ

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက EXO အဖွဲ့ဝင် D.O ဟာ ဆိုင်းမဆင့်၊ ဗုံမဆင့် စစ်မှုထမ်းဆောင်တော့မှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မမျှော်လင့်ထားဘဲ ကြားလိုက်ရတာဖြစ်လို့ D.O. ရဲ့သတင်းဟာ EXOL တွေအားလုံးကို ရှော့ခ်ရသွားစေခဲ့ပါတယ်။ Xiumin တစ်ယောက်စစ်မှုထမ်းဆောင်သွားလို့ လွမ်းလို့မဆုံးသေးခင်မှာပဲ D.O. ရဲ့သတင်းက EXOL တွေရဲ့အရှိုက်ထိမှန်ခဲ့ပါတယ်။ အခုဆိုရင် ဇူလိုင်လ (၁) ရက်နေ့ဆိုတာ ကြီးကို တဖြည်းဖြည်းရောက်ရှိဖို့ နီးစပ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် D.O စစ်မှုထမ်းဆောင်သွားရင် လွမ်းဆွတ်နေရမယ့်အရာတွေကို တင်ဆက်ပေးလိုက်ရပါတယ်။

စားဖိုမှူးလေး D.O

D.O ဟာ သူ့အနေနဲ့ အစားအစာချက်ပြုတ်ရတာ ၀ါသနာပါတဲ့အကြောင်း မကြာခဏပြောဆိုလေ့ရှိသူပါ။ ဒါကြောင့် D.O ဟာ အမြဲတမ်းလိုလို အဖွဲ့ဝင်တွေကို ချက်ပြုတ်ကျွေးလေ့ရှိပါတယ်။ ဒါကြောင့် စားဖိုမှူးလေး D.O ကို လွမ်းနေရပါတော့မယ်။

သရုပ်ဆောင် D.O

အနုပညာနဲ့ ပတ်သက်ရင် ပြောင်မြောက်လွန်းတဲ့ D.O ဟာ သရုပ်ဆောင်ပိုင်းမှာလည်းပါရမီပါသူပါ။ နောက်ပိုင်း ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှုများပြားလာတာကိုလည်း တွေ့ရမှာပါ။ ဒါကြောင့် မင်းသားလေး D.O ရဲ့ဇာတ်ကားတွေကို လွမ်းနေရပါတော့မယ်။

အဆိုတော် D.O

D.O ဟာ သာယာပျော့ပြောင်းတဲ့ အသံနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်သူပါ။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အချိန်ကာလတစ်ခုကြာ D.O ရဲ့သံစဉ်တွေနဲ့ ဝေးကွာနေရမှာဖြစ်လို့ လွမ်းဆွတ်ချင်စရာပါ။

ပင်ကွင်းလေး D.O

Concert တွေမှာ ပင်ကွင်းဝတ်စုံလေးဝက်ပြီး EXOL တွေရဲ့ နှလုံးသားကို အရည်ပျော်အောင် ပြုစားနိုင်တဲ့ ပင်ကွင်းလေး D.O ကိုလည်း လွမ်းဆွတ်နေရပါဦးမယ်။

Dancer D.O

D.O ဟာ အကနဲ့ပတ်သက်ရင်လည်း မခေသူတစ်ယောက်ပါ။ သူ့ရဲ့ အကစွမ်းရည်တွေက မြင်ရသူအဖို့ မချီးကျူးဘဲမနေနိုင်လောက်ပါပဲ။ နောက်ဆုံးရိုက်ကူးထားတဲ့ “Swing Kids" ဇာတ်ကားမှာလည်း D.O ဟာ သူရဲ့အကစွမ်းရည်ကို ပြသခဲ့ပါတယ်။ ဒါကြောင့် D.O ရဲ့ အကတွေနဲ့ ကင်းဝေးရာအရပ်မှာ EXOL တွေ လွမ်းဆွတ်တမ်းတနေရဦးမှာပါ။

Myint Myat

Ref Soompi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။