ကျန်းမာရေးအခြေအနေကြောင့် မနက် ၆နာရီမှာ ခွဲစိတ်ခန်းဝင်ရမယ့် ထက်ထက်မိုးဦး

Posted on - Jun 12 []

Moe Kalay

စာရေးသူ

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ တစ်ချိန်က ကြော်ငြာတိုင်းမှာ သူမနေရာယူခဲ့ပြီး ၊ကြော်ငြာမင်းသမီးလို့တင်စားခေါ်ဝေါ်ကြတဲ့အထိ နာမည်ကြီးခဲ့သူပါ။ သရုပ်ဆောင်ပီပြင်ပြီးကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် လည်း သူမကို ချစ်တဲ့ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ထက်ထက်မိုးဦး က သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ခန်း ဝင်ရမယ့်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ထက်ထက်မိုးဦးက အနုပညာလှုပ်ရှားမှုတွေကျဲပေမယ့် ပွဲတက်တစ်ချို့မှာ တွေ့ရသလို ချစ်ပရိသတ်တွေကလည်းသူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်နေကြတာပါ။

ဒီနေ့မှာတော့ သူမဆေးရုံတက်နေရတဲ့ ပုံရိပ်တွေက ပရိသတ်တွေဆီ ပျံ့နှံလျှက်ရှိနေပါတယ်။ ထက်ထက်မိုးဦးက သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် မနက်ဖြန် ၆နာရီမှာ ခွဲစိတ်မှုခံယူရမယ်လို့သိရတယ်။

သူမရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေကစိုးရိမ်နေကြသလို ဘာရောဂါ ဖြစ်နေတယ်ဆိုတာကိုလည်း စိတ်ဝင်စားနေကြတာပါ။

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ခွဲစိတ်မှုအောင်မြင်ဖို့ ဆုတောင်းပေးကြပါဦးနော် ပရိသတ်ကြီး။

Moekalay
Source;မန္တလေး ပက်စီ

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။