Idol မန်နေဂျာတွေလစာဘယ်လောက်ရကြသလဲဆိုတာ ဖွင့်ဟခဲ့တဲ့ မန်နေဂျာ Seo Sang Pil

Posted on - Jun 13 []

K Kay

စာရေးသူ

Idol တွေရဲ့မန်နေဂျာတွေဟာ Kpop ပရိသတ်တွေနဲ့ မစိမ်းတဲ့သူတွေပါ။ တချို့ မန်နေဂျာတွေဆိုရင် ပရိသတ်တွေနဲ့တောင် သိကျွမ်းပြီး ပရိသတ်တွေအနေနဲ့ သူတို့ကိုတောင် ချစ်ခင်ကြပါတယ်။ Idol တွေအနေနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေပေးနိုင်ဖို့ မန်နေဂျာတွေက နောက်ကွယ်ကနေ အကောင်းဆုံးပံ့ပိုးပေးနေကြတာပါ။ အဲဒီလို Idol တွေရဲ့ကိစ္စတွေအားလုံးကို လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ပေးကြတဲ့ မန်နေဂျာတွေအနေနဲ့ လစာဘယ်လောက်ရကြသလဲဆိုတာ ပရိသတ်တွေ အားလုံးစိတ်ဝင်စားတဲ့မေးခွန်းပါပဲ။

Crayon Pop အဖွဲ့ဝင် Way ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်ရှိ Idol မန်နေဂျာအဖြစ်ဆောင်ရွက်နေသူ Seo Sang Pil နဲ့ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ကိုရီးယားပြည်သူတွေဟာ Idol မန်နေဂျာတွေရဲ့အကြောင်းကို စိတ်ဝင်စားမှုမြင့်တက်နေလို့ Way ဟာ အဲဒီလို မန်နေဂျာ Seo Sang Pil နဲ့တွေ့ဆုံအင်တာဗျူးဖို့ ဆုံးဖြတ်ခဲ့တာပါ။

Way ဟာ မန်နေဂျာ Seo Sang Pil နဲ့အင်တာဗျူးခဲ့တာကို သူမရဲ့ Offical Youtube အကောင့်မှာတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ Way နဲ့ Seo Sang Pil တို့အနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အမေး၊ အဖြေတွေ ပြုလုပ်ခဲ့ကြပြီး မန်နေဂျာတွေရဲ့လစာအကြောင်းပြောဆိုရာမှာတော့ ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။

"ကျွန်တော်တို့လုပ်ရတဲ့အလုပ်နဲ့နှိုင်းယှဉ်ရင် ရတဲ့လစာက အရမ်းနည်းပါတယ်။ ကျွန်တော်ဒီအလုပ်ကို ပထမဆုံးလုပ်တော့ ၀မ် ၁.၃ မီလီယံ(ကန်ဒေါ်လာ ၁၀၀၀)ပဲရပါတယ်။ ကျွန်တော်ဟာ အလုပ်ကိုနေ့ရော၊ ညပါလုပ်ရ ပြီး ထိုက်တန်တဲ့ လျော်ကြေးငွေလည်း မရပါဘူး"လို့ မန်နေဂျာ Seo Sang Pil က ပြောဆိုခဲ့တာပါ။

ဆက်လက်ပြီး Way က "ဒီနေ့ခေတ်မန်နေဂျာတွေရော ဘယ်လောက်ရကြသလဲ"လို့ မေးမြန်းခဲ့ပါတယ်။ ဒါကို မန်နေဂျာ Seo Sang Pil က "သူတို့အနေနဲ့ မန်နေဂျာတွေကို အနည်းဆုံးပမာဏပဲပေးမယ်လို့ ကျွန်တော်ထင်တယ်"လို့ ဖြေခဲ့ပါတယ်။ ဆက်လက်ပြီး Seo Sang Pil က "အရင်တုန်းကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီဘက်ခေတ်မန်နေဂျာတွေက Variety Show တွေမှာ ကျေးဇူးအတင်ခံလာရတယ်။ ဒါက အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုပါ"လို့လည်း ပြောကြားသွားခဲ့ပါတယ်။


Kay Kay
Ref Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။