B.I ကို iKON အဖွဲ့မှာ ပြန်ခေါ်ဖို့ လက်မှတ်ရေးထိုးဆန္ဒပြုသူ (၅) သိန်းနီးပါးအထိရှိလာြ

Posted on - Jun 13 []

K Kay

စာရေးသူ

ဇွန်လ (၁၂) ရက်နေ့ကတော့ iKONIC အတွက် ကံကြမ္မာဆိုးဝင်တဲ့နေတစ်နေ့ပါပဲ။ iKONIC တွေ ထိခိုက်အရဆုံး၊ ကြေကွဲအရဆုံးနေ့ဆိုရင်လည်း မမှားပါဘူး။ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် သတင်းဋ္ဌာန Dispatch က ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်းက Kakao Talk မက်ဆေ့ခ်ျတွေကို ဖော်ပြကာ iKON အဖွဲ့ခေါင်းဆောင် B.I အနေနဲ့ မူးယစ်ဆေးသုံးစွဲခဲ့တယ်လို့ စွပ်စွဲဖော်ပြလာတာပဲဖြစ်ပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ B.I က အဲဒီသတင်းတွေနဲ့ပတ်သက်လို့ တောင်းပန်ကြောင်း လှုမှုကွန်ရက်မှာ ရေးသားခဲ့ပြီး သူ့အနေနဲ့ သုံးစွဲဖို့စိတ်ကူးရှိခဲ့ပေမယ့် အမှန်တကယ် မသုံးစွဲခဲ့ဘူးလို့လည်း ပြောကြားသွားခဲ့ပါတယ်။

အဲဒီမှာပဲ အများမထင်မှတ်ထားတဲ့ တုန်လှုပ်စရာကိစ္စတစ်ခုက YG Entertainmnet က ဖန်တီးလိုက်ပြီး B.I ကို iKON အဖွဲ့က ထုတ်ပယ်ကာ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အနုပညာရှင်တွေကို ကာကွယ်ပေးခြင်းမရှိတဲ့ YG Entertainmnet ရဲ့လုပ်ရပ်ကို ပရိသတ်အများအပြားက ဒေါသထွက်ခဲ့ကြပါတယ်။

ဒါကြောင့် ပရိသတ်တွေဟာ Change.org မှာ လက်မှတ်ရေးထိုးဆန္ဒပြုကာ B.I ကို iKON အဖွဲ့မှာပြန်ခေါ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီလို လက်မှတ်ရေးထိုးဆန္ဒပြုတဲ့ပရိသတ် အရေအတွက်ဟာ များပြားလွန်းပြီး အခုဆိုရင် (၅) သိန်းနီးပါးကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ ဒီဖြစ်ရပ်မှာ B.I ဘက်ကနေ မားမားမတ်မတ်၊ ပြတ်ပြတ်သားသား ရပ်တည်နေတာကိုတွေ့မြင်ရမှာဖြစ်ပြီး YG Entertainment အနေနဲ့ ဒီအတိုင်းလွှတ်ထားလို့မရဘဲ တစ်စုံတစ်ရာပြုလုပ်ဖို့လိုအပ်နေ ပါပြီ။ လက်ရှိမှာတော့ YG Entertainmnet ရဲ့စတော့ရှယ်ယာဈေးနှုန်းတွေဟာ ကျဆင်းလျက်ရှိနေပြီး ထိခိုက်နစ်နာမှုများပြားလျက်ရှိနေပါတယ်။

Kay Kay

Ref All Kpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။