ပြင်သစ်ဗန်ဒိုက်ခ်ျလို့ နာမည်ကြီးနေတဲ့ နောက်ခံလူ နော်ဝေနဲ့ပွဲမှာ Own Goal သွင်းယူခဲ့

Posted on - Jun 13 []

Htoo Yan Ag

စာရေးသူ

လက်ရှိကျင်းပနေတဲ့ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အမျိုးသမီးအသင်းရဲ့ နောက်ခံလူ ဝင်ဒီရန်းနက်ဟာ မနေ့ညက နော်ဝေအအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဆင့် ပွဲစဉ်မှာ Own Goal သွင်းယူခဲ့ပါတယ်။ သူမရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းယူမှုဟာ တော်တော်လေးကို ဆိုးရွားခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွေရဲ့ အဆိုးရွားဆုံး သွင်းဂိုးအဖြစ် ပရိသတ်တွေက သတ်မှတ်နေကြပါတယ်။

ပြင်သစ်အမျိုးသမီးအသင်းရဲ့ အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူ ရန်းနက်ဟာ သူရဲ့ပုံစံနဲ့ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် " ပြင်သစ်ဗန်ဒိုက်ခ်ျ " လို့တောင် တင်စားခြင်း ခံနေရသူပါ။ လီဗာပူးခံစစ် ကစားသမားကြီးနဲ့ နှိုင်းယှဉ်ခံနေရတဲ့ သူမဟာ နော်ဝေအသင်းနဲ့ ပွဲစဉ်မှာတော့ ပရိသတ်တွေ အံ့အားသင့်သွားစေမယ့် Own Goal ကို သွင်းယူမိခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ အထောင်တိုက်စစ်မှူး ဗယ်လာရီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားခဲ့ပေမယ့်လည်း ၅၄မိနစ်မှာတော့ ချေပဂိုး ပြန်ပေးခဲ့ရတာပါ။ ဘယ်ခြမ်းကနေ နော်ဝေအသင်းက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူ ဝင်ဒီရန်းနက်ဟာ ညာခြေနဲ့ အသာထိန်းခဲ့ပေမယ့်လည်း သူမရဲ့ ပေါ့ပေါ့ဆဆ ထိန်းသိမ်းပုံကြောင့် ဘောလုံးဟာ ဂိုးပိုက်ထဲကို ရောက်ရှိသွားခဲ့ပြီး သူမဘယ်လိုမှ ပြန်မလိုက်နိုင်ခဲ့ပါဘူး။

သူမရဲ့ Own Goal ဟာ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အမျိုးသမီးအသင်းအတွက် ပထမဆုံး Own Goal သွင်းယူသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ " ဒါမြင်ဖူးတဲ့ Own Goal တွေထဲမှာ အဆိုးရွာဆုံးပါပဲ။ " လို့ Twitter မှာ ရေးသားခဲ့သလို အခြားတစ်ဦးကလည်း " ပြင်သစ်ဗန်ဒိုက်ခ်ျကြီးကတော့ Own Goal သွင်းလိုက်ပြီဟေ့။ " ဆိုပြီး အရွှန်းဖောက်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးကိုတော့ ၇၂မိနစ်မှာ တောင်ပံကစားသမား ဆွန်မာက ပင်နယ်တီမှ တစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု A မှာတော့ ၂ပွဲကစား ၂ပွဲစလုံး အနိုင်ရရှိထားကာ ရမှတ်၆မှတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကို တက်ရောက်ဖို့လည်း သေချာသလောက်ဖြစ်နေတဲ့ ပြင်သစ်အသင်းဟာ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရှာဖွေသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။