ရာမို့စ်ထက်တောင် ဂိုးသွင်းအားနည်းခဲ့တဲ့ရက်ဖို့ဒ်ကို ပရိသတ်များ လှောင်ပြောင်

Posted on - Jun 13 []

Gunner Ksr

စာရေးသူ

ရီးရဲအသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ကတော့ တကယ့်ကိုအံ့မခန်းခံစစ်ကစားသမားပဲ ဖြစ်ပါတယ်။ ရာမို့စ်ဟာ ရီးရဲအသင်းအတွက် အသင်းခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရုံမက လိုအပ်ရင် လိုအပ်သလို အရေးပါတဲ့အနိုင်ဂိုးတွေကိုလည်း သွင်းယူနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်နယ်တီအခွင့်အရေးတွေ ရခဲ့ရင်လည်း အသင်းခေါင်းဆောင်ရာမို့စ်က ကန်သွင်းယူနေကျပဲ ဖြစ်ပါတယ်။

နောက်တန်းကစားသမားတစ်ယောက်ဖြစ်ပေမယ့် ရာမို့စ်ရဲ့ ဂိုးသွင်းစွမ်းရည်ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဒီနေရာမှာ ရာမို့စ်နဲ့ပတ်သက်ပြီး ထူးထူးခြားခြား မှတ်တမ်းတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ အဲဒါကတော့ ရာမို့စ် ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူတိုက်စစ်မှူးရက်ဖို့ဒ်ထက် ဂိုးသွင်းအားပိုကောင်းခဲ့တယ်ဆိုတာပါပဲ။

ရာမို့စ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီတုန်းက ရာမို့စ်ဟာ ၅၃ ပွဲ၊ ၃၆၇၅ ဂိုးကစားကာ ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူတိုက်စစ်မှူးရက်ဖို့ဒ်ကတော့ ၅၈ ပွဲ၊ ၃၆၆၉ မိနစ်ကစားကာ ၁၆ ဂိုးပဲသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရာမို့စ်ဟာ ရက်ဖို့ဒ်ထက် ပွဲကစားချိန်နည်းပါးပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ဂိုးသွင်းအားပိုကောင်းခဲ့တာကို တွေ့ရမှာပါ။ ရာမို့စ်ပြီးခဲ့တဲ့ ယူရို၂၀၂၀ ခြေစစ်ပွဲစဉ်မှာလည်း စပိန်အသင်းအတွက် အနိုင်ဂိုးတွေသွင်းယူပေးခဲ့ပါသေးတယ်။

ဒါ့အပြင် ရာမို့စ်ဟာ နောက်တန်းကစားသမားဖြစ်ပေမယ့် ကစားသမားသွင်းဂိုး (၁၀၀) အထိ ပြည့်မြောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရီးရဲပရိသတ်တွေကတော့ မန်ယူတိုက်စစ်မှူးရက်ဖို့ဒ်ကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရာမို့စ်အနေနဲ့ မန်ယူအသင်းကို ပြောင်းရွှေ့မယ်ဆိုရင် တိုက်စစ်နေရာမှာ ကစားရနိုင်တယ်၊ ဆိုးလ်ရှားအနေနဲ့ ရက်ဖို့ဒ်နဲ့နေရာမှာ ရာမို့စ်နဲ့အစားထိုးတော့မယ်လို့ ရီးရဲပရိသတ်တွေက လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Ref Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။