ကိုရီးယားစကားအပြင် တခြားသော ဘာသာစကား (၃) မျိုးနဲ့အထက်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ကြတဲ့ Idol များ

Posted on - Nov 30 []

Mia Zin

စာရေးသူ

နိုင်ငံတကာမှာ အခုလက်ရှိ လွှမ်းမိုးနေတဲ့ အနုပညာလှိုင်းတွေထဲမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပယ်တစ်ခုဖြစ်တဲ့ Kpop ဆိုတာဟာလည်း ပါဝင်ပါတယ်။ ဒီလိုမျိုး လွှမ်းမိုးနိုင်ဖို့ဆိုရာမှာ တင်ဆက်မှုပုံစံတွေ၊ အနုပညာအရည်အသွေးတွေ ပြည့်မြောက်နေဖို့ လိုအပ်လှသလို Kpop ရဲ့ အနုပညာရှင်အသီးသီးဟာလည်း ဘာသာစကား ၁ ခုနဲ့ အထက်ကို ပြောဆိုနိုင်ဖို့က အရေးကြီးပါတယ်။ အခုတင်ဆက်ဖော်ပြပေးမယ့် Idol အချို့ကတော့ ဘာသာစကား ၃ ခုနဲ့ အထက်ကို အခြေခံသဘော ပြောတတ်၊ နားလည်ယုံတင်မဟုတ်ပဲ ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြတဲ့သူ ဖြစ်ကြပါတယ်။

13. TWICE’s Tzuyu – Taiwanese, Mandarin, Japanese

ထိုင်ဝမ်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ TWICE ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်လေး Tzuyu ကတော့ ထိုင်ဝမ်စကားနဲ့ မန်ဒရင်းဘာသာစကားတို့ကို ကျွမ်းကျင်စွာပြောဆိုတတ်တဲ့အပြင် အခုဆိုရင် ဂျပန်ဘာသာစကားကိုလည်း ပြောဆိုတတ်နေပြီ ဖြစ်ပါတယ်။ Kpop Idol တစ်ယောက်ဖြစ်တာကြောင့် ကိုရီးယားစကားကိုတော့ ကျွမ်းကျင်စွာပြောဆိုတတ်နေတာက အထူးတလည်ဖော်ပြစရာလိုမယ် မထင်ပါဘူး။

12. f(x)’s Amber – English, Mandarin, Japanese

အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားကြီုးပြင်းခဲ့တဲ့ Amber အတွက်ကတော့ အင်္ဂလိပ်ဘာသာစကားက မိခင်ဘာသာစကားလို့တောင် ပြောလို့ရပါတယ်။ ထိုင်ဝမ်လူမျိုးတစ်ယောက်ဖြစ်တဲ့ သူမဟာ မန်ဒရင်းဘာသာစကားကိုလည်း ကျွမ်းကျင်စွာပြောတတ်ပြီး ဂျပန်စကားကိုလည်း ပြောဆိုတတ်သူဖြစ်ပါတယ်။ ကိုရီးယားဘာသာစကားပြောတတ်တာကတော့ အသေအချာပဲပေါ့နော်။

11. BLACKPINK’s Lisa – English, Thai, Japanese

ထိုင်းလူမျိုးတစ်ယောက်ဖြစ်တဲ့ Lisa အတွက်ကတော့ မိခင်ဘာသာစကားဖြစ်တဲ့ ထိုင်းဘာသာစကားတတ်မြောက်မှုက အဆန်းမဟုတ်ပါဘူး။ အင်္ဂလိပ်စကားနဲ့ ကိုရီးယားစကားကိုလည်း ကျွမ်းကျင်စွာပြောဆိုတတ်တဲ့သူမဟာ ဂျပန်စကားကိုလည်း စကားပြန်မလိုပဲနဲ့တောင် ပြောဆိုနိုင်သူ ဖြစ်ပါတယ်။

10. 2NE1’s CL – English, French, Japanese

ကလေးဘ၀တုန်းက ပဲရစ်၊ တိုကျို၊ ဆိုးလ်တို့မှာ နေထိုင်ခဲ့ဖုးတဲ့ CL အတွက်ကတော့ ပြင်သစ်စကား၊ ဂျပန်စကားနဲ့ အင်္ဂလိပ်စကားတွေဟာ မိခင်ဘာသာစကားတွေလို့ ပြောလို့ရလောက်အောင် လွယ်ကုလွန်းလှပါတယ်။

9. 2PM’s Taecyeon – English, Spanish, Japanese

ငယ်စဉ်တုန်းက ဘော်စတွန်မြို့မှာ နေထိုင်ခဲ့ဖူးတဲ့ Taecyeon အတွက်ကလည်း အင်္ဂလိပ်ဘာသာစကားဆိုတာ အလွယ်ကူဆုံးဘာသာစကားဖြစ်ပါတယ်။ ဂျပန်စကားကိုလည်း ကျွမ်းကျင်စွာပြောတတ်တဲ့သူဟာ စပိန်စကားလည်း တတ်မြောက်သူဖြစ်ပြီး စပိန်ဘာသာနဲ့ သီချင်းတွေတောင် ရေးစပ်ခဲ့ဖူးပါတယ်တဲ့။

8. Girls’ Generation’s Seohyun – Japanese, English, Mandarin

Seohyun ကတော့ SNSD ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်လေးဖြစ်ပေမယ့်လည်း ဘာသာစကားတတ်မြောက်မှုမှာတော့ တကယ်ကို ချီးကျူးစရာကောင်းတဲ့သူပါ။ ဂျပန်၊ အင်္ဂလိပ်နဲ့ မန်ဒရင်းတရုတ်ဘာသာစကားတွေကို သင်ယူထားတဲ့ သူမဟာ ကျွမ်းကျင်စွာလည်း ပြောဆိုတတ်သူ ဖြစ်ပါတယ်။

7. SHINee’s Key – English, Mandarin, Japanese

SHINee အဖွဲ့ဝင် Key ဟာဆိုရင်လည်း မိခင်ကိုရီးယားဘာသာစကားအပြင် တရုတ်၊ အင်္ဂလိပ်နဲ့ ဂျပန်စကားတွေကို ချောမွတ်စွာပြောဆိုနိုင်သူ ဖြစ်ပါတယ်။

6. SHINee’s Onew – English, Mandarin, Japanese

သင်တန်းသားဘ၀ကတည်းက အင်္ဂလိပ်၊ တရုတ်နဲ့ ဂျပန်စကားတွေကို လေ့လာသင်ကြားခဲ့ရတဲ့ SHINee အဖွဲ့ခေါင်းဆောင် Onew ကတော့ တရုတ်နဲ့ ဂျပန်တို့မှာ ပွဲတွေပြုလုပ်တဲ့အခါကျရင် ဘာသာပြန်မလိုပဲနဲ့တောင် ပရိသတ်တွေနဲ့ တိုက်ရိုက်ပြောဆိုနိုင်တဲ့သူ ဖြစ်ပါတယ်။

5. BoA – English, Japanese, Mandarin

ကိုရီးယားအနုပညာလှိုင်းကို ဂျပန်နဲ့ အမေရိကတို့မှာ စတင်ထိုးဖောက်ပေးခဲ့တဲ့ BoA ဟာဆိုရင်လည်း ဖော်ပြပါဘာသာစကား (၃) မျိုးစလုံးကို အခက်အခဲမရှိပဲ ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့သူ ဖြစ်ပါတယ်။

4. Sandara Park – English, Tagalog, Japanese, Mandarin

ဖိလစ်ပိုင်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ Sandara Park ကတော့ ကိုရီးယားဘာသာစကားအပြင် ဖိလစ်ပိုင်စကားကိုလည်း ကျွမ်းကျင်စွာတတ်မြောက်သူဖြစ်ပြီး အင်္ဂလိပ်လိုလည်း ပြောဆိုနိုင်သူဖြစ်ပါတယ်။ ဂျပန်ဘာသာစကားနဲ့ တရုတ်ဘာသာစကားတို့မှာလည်း ဘာသာပြန်မလိုအပ်ပဲ ပြောဆိုနိုင်သူတစ်ဦးပါ။

3. 2PM’s Nichkhun – English, Thai, Japanese, Mandarin

ထိုင်းလူမျိုးတစ်ယောက်ဖြစ်ပြီး အမေရိကားမှာ ကျောင်းတတ်ခဲ့သူဖြစ်တဲ့ Nichkhun အတွက်ကလည်းပဲ ထိုင်းစကားနဲ့ အင်္ဂလိပ်စကားတို့က မိခင်ဘာသာစကားတွေလို့တောင် ဆိုလို့ရပါတယ်။ Idol အဖြစ်နဲ့ ရပ်တည်နေတဲ့သူဖြစ်တာကြောင့် ကိုရီးယား၊ တရုတ်၊ ဂျပန်စကားတို့ဟာလည်း Nichkhun အတွက်တော့ ကျွမ်းကျင်တဲ့ဘာသာစကားတွေ ဖြစ်ပါတယ်။

2. GOT7’s Jackson – English, Mandarin, Cantonese, French

တရုတ်လူမျိုးတစ်ယောက်ဖြစ်တဲ့ Jackson ဟာဆိုရင်လည်း ကိုရီးယားဘာသာစကားအပြင် အထက်ဖော်ပြပါ ဘာသာစကား (၄) မျိုးကို အထစ်အငေါ့မရှိပဲ ပြောဆိုနိုင်တဲ့သူ ဖြစ်ပါတယ်။

1. Henry – Mandarin, Cantonese, Taiwanese, English, Japanese, French

Super Junior M ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Henry ကတော့ ဘာသာစကားနဲ့ ပတ်သတ်လာရင် တကယ့်ဂရုကြီးလို့တောင် သတ်မှတ်လို့ရပါတယ်။ အထက်ဖော်ပြပါ ဘာသာစကား (၆) မျိုးအပြင် ကိုရီးယားဘာသာစကားကိုပါ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ Idol ဆိုတာ တကယ့်ကိုရှားပါးပါတယ်။ ထိုရှားပါးတဲ့ထဲက တစ်ယောက်ကတော့ Henry ပါပဲ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။