B.I ရဲ့ စိတ်ဓာတ်နဲ့ အိပ်မက်တွေကို အထင်းသားမြင်တွေ့နိုင်တဲ့ ခံယူချက်များ

Posted on - Nov 30 []

Mia Zin

စာရေးသူ

iKON ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ B.I ဟာ ၂၀၀၉ ခုနှစ် အသက် ၁၃ နှစ်အရွယ်ကတည်းက ဖျော်ဖြေရေးလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် ၂၀၁၁ ခုနှစ်မှာတော့ YG Entertainment ကို သင်တန်းသားအဖြစ်နဲ့ ၀င်ရောက်ခွင့်ရခဲ့ပါတယ်။ ၂ နှစ်ခန့် အပြင်းအထန်လေ့ကျင့်ပြီးနောက် ၂၀၁၃ ခုနှစ်မှာတော့ WIN: Who Is Next ဆိုတဲ့ survival program ကို Team B ဆိုတဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ကံတရားက မျက်နှာသာမပေးတာကြောင့် Team B ဟာ အနိုင်မရရှိခဲ့ပါဘူး။

အဲဒီနောက် ၂၀၁၄ ခုနှစ်မှာတော့ Mix & Match ဆိုတဲ့နောက်ထပ် survival program ကို Team B အဖွဲ့သား ၆ ယောက်နဲ့ပဲ အတူတူပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Jung Chan Woo ဆိုတဲ့ နောက်ထပ်သင်တန်းသားတစ်ယောက်လည်း အတူပါဝင်ခဲ့ကာ အဲဒီနောက် ၂၀၁၅ ခုနှစ်မှာတော့ အဖွဲ့ဝင် ၇ ယောက်ပါဝင်တဲ့ iKON အဖွဲ့အဖြစ်နဲ့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ်ကတည်းက Hip Hop ကို ရူးသွပ်ခဲ့တဲ့ B.I ဟာ သီချင်းတွေဖန်တီးရေးစပ်တဲ့နေရာမှာလည်း ပါရမီပါလွန်းသူတစ်ယောက်ဖြစ်ပါတယ်။ iKON ရဲ့ နာမည်ကြီးသီချင်းတွေအပြင် တခြားသာ အနုပညာရှင်တွေများစွာအတွက်လည်း သီချင်းတွေဖန်တီးရေးစပ်ပေးခဲ့သူဖြစ်ပြီး Songwriter of the Year ဆုကိုတောင် ရရှိခဲ့ဖူးတဲ့ Idol တစ်ယောက် ဖြစ်ပါတယ်။

ဂီတအပေါ်မှာ ရူးသွပ်လွန်းတဲ့ B.I ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေ၊ ဇွဲတွေနဲ့ အိပ်မက်တွေကို သူ ထားရှိတဲ့ ခံယူချက်တွေကနေတဆင့် အထင်းသား တွေ့မြင်နိုင်ပါတယ်။

1. "ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေက ရွေးချယ်စရာမရှိပေမယ့်လည်း တခြားသူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ကွာခြားပါတယ်"

2. "အလုပ်တစ်ခုကို လုပ်တဲ့အခါ စိတ်မပါပဲနဲ့ မလုပ်ပါနဲ့။ မင်းကိုယ်မင်း လုံးဝနှစ်မြုပ်ပြီး လုပ်လိုက်ပါ"

3. "ပွဲထွက်ပြီးရင်တောင်မှ ပြောင်းလဲခြင်းမရှိတဲ့သူပဲ ကျွန်တော် ဖြစ်ချင်ပါတယ်"

ဒီစကားကို B.I က High Cut မဂ္ဂဇင်းရဲ့ အင်တာဗျူးမေးခွန်းဖြစ်တဲ့ "ပွဲထွက်ရတော့မယ်ဆိုတော့ မင်း ဘာတွေလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီလဲ" ဆိုတဲ့ မေးခွန်းအတွက် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

4. "ပွဲထွက်တဲ့အချိန်ကျရင် ကျွန်တော်တို့ စတင်ခဲ့တဲ့အရာတွေ ကျွန်တော်တို့ မေ့မသွားဖို့အတွက် မျှော်လင့်ပါတယ်"

5. "ကျွန်တော့်ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီဆိုတော့ ကျွန်တော် ကံကောင်းတယ်လို့ ထင်တာပဲ"

6. "ကျွန်တော့်ပခုံးပေါ်မှာ ကျွန်တော်တစ်ယောက်တည်းရဲ့ ဘ၀တင်မဟုတ်ပဲ နောက်ထပ်လူ ၅ ယောက်ရဲ့ ဘ၀တွေကိုပါ ထမ်းထားရတာ"

ဒါကတော့ iKON ရဲ့ “Climax” သီချင်းထဲက B.I ရဲ့ သီချင်းစာသား ဖြစ်ပါတယ်။

7. "ကျွန်တော် နောင်ဝလုံးဝမရပါဘူး"

ဒါကိုလည်း High Cut မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ မေးခဲ့တဲ့ မေးခွန်းကတော့ "၂၀၁၃ ခုနှစ်ကတည်းက ပြိုင်ပွဲတွေကိုဖြတ်ကျော်ပြီး ပြိုင်ခဲ့ရတာဆိုတော့ iKON ဖြစ်လာဖို့အတွက် မင်း ဖြတ်ကျော်ခဲ့ရတဲ့အရာတွေအတွက် နောင်တရမိတဲ့အရာတွေများ ရှိသလား" လို့ ဖြစ်ပါတယ်။

8. "စတိတ်စင်ရဲ့ အရွယ်အစား နဲ့ ပရိသတ်ဦးရေ နည်းသည်များသည်က ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး"

9. "သီချင်းတွေ အများကြီးဖန်တီးချင်တယ်။ ကမ္ဘာပတ်ပြီး ခရီးတွေသွားချင်တယ်"

10. "ပိုပြီးအားကောင်းတဲ့ စတိတ်နဲ့ ပြန်လာခဲ့ပါမယ်။ ဒီတော့ ကျွန်တော်တို့ကို မမေ့ပါနဲ့။ စောင့်နေပေးပါ"

11. "လဲကျတဲ့အခါမှာ နောက်တစ်ခေါက်ပြန်ပြီး ရုန်းထနိုင်တဲ့သူက အနိုင်ရတဲ့သူပါပဲ"

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။