ခက်ခဲတဲ့ တောလမ်းခရီးကြမ်းကို ယောကျာ်းသားတွေနဲ့ အပြိုင်သွားနိုင်တဲ့ အာဂ အမျိုးသမီး Idol များ

Posted on - Oct 8 []

Mia Zin

စာရေးသူ

Law of the Jungle ဆိုတဲ့ အစီအစဉ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် တီဗွီအစီအစဉ်တစ်ခုဖြစ်ပြီး ပင်ပန်းခက်ခဲတဲ့ တောလမ်းခရီးကြမ်းတွေကို သွားရောက်ရိုက်ကူးရတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်ဖြစ်တဲ့ Kim Byung Man ကတော့ ထိုအစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူဖြစ်ပြီး ဧည့်သည်အနေနဲ့ လာရောက်ကြတဲ့ နာမည်ကျော် Idol တွေ၊ သရုပ်ဆောင်တွေနဲ့အတူ ခက်ခဲပင်ပန်းလှတဲ့ တောလမ်းခရီးကြမ်းတွေမှာ အဆင်ပြေသလို နေထိုင်ရတဲ့ပုံစံမျိုးကို ရိုက်ကူးရတာ ဖြစ်ပါတယ်။

အဲဒီလို ခရီးကြမ်းတွေကို သွားရောက်ရတဲ့အခါမှာ အမျိုးသားတွေ အနေနဲ့ကတော့ သိပ်ပြီးမပြောပလောက်ပေမယ့် အမျိုးသမီးအနုပညာရှင်တွေအနေနဲ့ဆိုရင်တော့ တကယ်ကို အဆပေါင်းများစွာ ပင်ပန်းလွန်းလှပါတယ်။ တချို့တွေဆိုရင် ရိုက်ကူးရေးလုပ်နေတုန်း လှည့်ပြန်ခဲ့ကြသူတွေတောင် ရှိပါတယ်။ ဒါပေမယ့်လည်း အခုတင်ဆက်ပေးမယ့် အမျိုးသမီး Idol တွေကတော့ ကြမ်းတမ်းတဲ့ တောနက်ထဲရောက်နေတာတောင် အပြုံးမပျက်ပဲ ယောကျာ်းသားတွေနဲ့အပြိုင် ရိုက်ကူးရေးကို ပြီးဆုံးအောင်လုပ်နိုင်ကြသူတွေပါ။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ပါဦး။

1. Doyeon (Weki Meki)

Weki Meki ရဲ့ Doyeon ကတော့ အိန္ဒိယသမုဒ္ဒရာဘက်ကို သွားရောက်တဲ့ ခရီးစဉ်မှာ ပါဝင်ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ အလှအပတွေနဲ့ နုနုရွရွလေးနေရတဲ့ Idol တစ်ယောက်ဆိုပေမယ့်လည်း ထိုခရီးစဉ်မှာတော့ မိတ်ကပ်တောင် မလိမ်းခြယ်ပဲ ပင်ကိုယ်မျက်နှာနဲ့ ရိုက်ကူးရေးလုပ်ခဲ့တယ်လို့ သိရပါတယ်။

2. Yeonwoo (MOMOLAND)

Yeonwoo ကတော့ မော်ဒိုက်ခရီးစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပြီး အစီအစဉ်ကို စတင်ရိုက်ကူးချိန်မှာ သူမကိုယ်သူမ ယုံကြည်မှုမရှိဘူးလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ်တစ်လျှောက်လုံးမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်ခဲ့တာကို တွေ့ရပါတယ်။

3. Seulgi (Red Velvet)

Seulgi ကတော့ မက္ကစီကိုနိုင်ငံက Lacandon Jungle ကို သွားရောက်ရိုက်ကူးတဲ့ အပိုင်းမှာ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ထိုခရီးစဉ်မှာ ပါဝင်ခဲ့တဲ့အကျိုးကတော့ Seulgi ရဲ့ ရေကြောက်တဲ့ရောဂါက မရှိတော့တာပါပဲ။ ဘယ်လောက်တောင်များ ပင်ပန်းတဲ့ ခရီးလမ်းဖြစ်ခဲ့သလဲ မသိဘူးနော်။

4. Chorong and Bomi (APINK)

APINK ရဲ့ Chorong နဲ့ Bomi တို့ ၂ ယောက် ကတော့ Kim Byung Man တစ်ယောက် ဒဏ်ရာရရှိလို့ မပါဝင်တဲ့အပိုင်းမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

5. Hani (EXID)

ခက်ခဲတဲ့ ခရီးကြမ်းကို အပြုံးမပျက်ပဲသွားရောက်ပြီး ပါဝင်ရိုက်ကူးခဲ့သူ နောက်တစ်ယောက်ကတော့ EXID အဖွဲ့ဝင် Hani ဖြစ်ပါတယ်။

6. Yerin (GFRIEND)

7. Cheng Xiao (WJSN)

Cheng Xiao ကတော့ Manado ကို သွားရောက်ခဲ့တာဖြစ်ပြီး ထိုခရီးစဉ်မှာ BTS အဖွဲ့ဝင် Jin လည်း ပါဝင်ပါသေးတယ်။

8. Jeongyeon (TWICE)

Twice ရဲ့ Jeongyeon ကတော့ New Caledonia ကို သွားရောက်တဲ့ ခရီးစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပြီး ရိုက်ကူးရေးလုပ်နေတုန်း မြင်းကန်ခံလိုက်ရတာကြောင့် ခြေထောက်ဒဏ်ရာရရှိခဲ့ပေမယ့်လည်း ရိုက်ကူးရေးကနေ နှုတ်ထွက်ခဲ့ခြင်းမရှိပဲ ထိုဒဏ်ရာနဲ့ပဲ ရိုက်ကူးရေးပြီးဆုံးသည်အထိ နေပေးခဲ့သူပါ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။