ချစ်စရာကောင်းတဲ့မျက်နှာလေးတွေကိုလည်း ပိုင်ဆိုင်ထားကြတဲ့ ထိုင်းမင်းသားများ

Posted on - Nov 11 []

Mia Zin

စာရေးသူ

အခုတင်ဆက်ပေးချင်တာကတော့ ချောမောခန့်ညားတဲ့အပြင် ကလေးတစ်ယောက်လိုမျိုး ချစ်စရာကောင်းတဲ့မျက်နှာလေးတွေကိုလည်း ပိုင်ဆိုင်ထားကြတဲ့ နာမည်ကျော် ထိုင်းသရုပ်ဆောင်မင်းသားတွေ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးတို့ကြိုက်နှစ်သက်ကြတဲ့သူတွေ ပါဝင်ရဲ့လားဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Mark Prin

နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Mark Prin ကိုတော့ ထိုင်းဇာတ်လမ်းတွဲကြိုက်ပရိသတ်တွေ ကောင်းကောင်းကြီးသိကြမှာပါ။ Mark ရဲ့ ကြည့်ကောင်းချောမောတဲ့ မျက်နှာဟာ ရယ်မောလိုက်တဲ့အခါမျိုးတွေမှာဆိုရင် ချစ်စရာကောင်းတဲ့မျက်နှာမျိုးဖြစ်သွားတယ်လို့ ပရိသတ်တွေက ဆိုကြပါတယ်။

2. James Ma

နောက်ထပ်လူကြိုက်များတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ James Ma ဟာဆိုရင်လည်း ကလေးတစ်ယောက်လို မျက်နှာမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

3. Mario Maurer

မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့မင်းသားတစ်လက်ဖြစ်တဲ့ Mario Maurer ဟာဆိုရင်လည်း အသက် ၃၀ ပြည့်နေပြီဆိုပေမယ့် သူ့ရဲ့ ချစ်စရာကောင်းတဲ့မျက်နှာပုံစံလေးကတော့ ဒီနေ့အချိန်ထိ ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။

4. Push Puttichai

Push လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ Push Puttichai ဟာဆိုရင်လည်း ချောမောကြည့်ကောင်းတဲ့အပြင် ရယ်မောလိုက်တဲ့အချိန်တွေမှာဆိုရင်လည်း ချစ်စရာကောင်းတယ်ဆိုတာကို ပရိသတ်တွေကိုယ်တိုင် လက်ခံထားပြီးသားပါ။

5. Krist Perawat

မင်းသား Krist Perawat ကတော့ Sotus ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်ခြင်းကို တစ်ခဲနက်ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

6. James Jirayu

ပရိသတ်တွေရဲ့ အချစ်တော်မင်းသားတစ်လက်ဖြစ်တဲ့ James Jirayu ဟာဆိုရင်လည်း ချောမောခန့်ညားတဲ့အပြင် ကလေးတစ်ယောက်လိုချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

7. Bass Suradat

Bass လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ Bass Suradet ကတော့ 2Moons ဇာတ်လမ်းတွဲနဲ့ အောင်မြင်လူကြိုက်များခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာလေးကလည်း တကယ့်ကလေးတစ်ယောက်လိုမျိုး ချစ်စရာကောင်းတယ်ဆိုတာကို ပရိသတ်တွေ အသိပါပဲနော်။

8. Blue Pongtiwat

‘Krong Karm’ ဒရမ်မာဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် လူသိများအောင်မြင်ခဲ့တဲ့ Blue Pongtiwat ဟာဆိုရင် ပြီးပြည့်စုံတဲ့ မျက်နှာနဲ့ တောက်ပပြီးချစ်စရာကောင်းတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။

9. Perth Tanapon

Perth ကတော့ Love By Chance ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ပထမဆုံးသရုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိုဇာတ်လမ်းတွဲနဲ့တင် ထိုင်းနိုင်ငံမှာသာမက အာရှနိုင်ငံတွေအတော်များများမှာပါ အောင်မြင်မှုတွေရရှိခဲ့သူ ဖြစ်ပါတယ်။

10. Saint Suppapong

Saint ဟာလည်းပဲ အဆိုပါဇာတ်လမ်းတွဲမှာ Perth နဲ့ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းလို့မရပါဘူးနော်။

Ref : All Your Thai Top10
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။