ဇီဒန်းမလိုချင်တဲ့ (၁၁) စာရင်းကို အသင်းဖွဲ့ကြည့်ရာ အသင်းအများစုထက် တောင့်တင်းလျက်ရှိ

Posted on - Jun 25 []

Gunner Ksr

စာရေးသူ

လာလီဂါကလပ်ရီးရဲမက်ဒရစ်အသင်းဟာ ဆိုးရွားလွန်းတဲ့ရာသီတစ်ခုကို ကြုံတွေ့ခဲ့ရပြီးနောက်မှာတော့ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ပြန်လည်ရရှိဖို့အတွက် မျှော်မှန်းထားလျက်ရှိနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ရီးရဲအသင်းဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အကြီးစားပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်လျက်ရှိနေပါတယ်။ ဂျိုဗစ်၊ ဟာဇက် တို့လို ထိပ်တန်းကစားသမားတွေအပါအ၀င် ရီးရဲမက်ဒရစ်အသင်းဟာ ပေါင်သန်း (၃၀၀) အထိသုံးစွဲခေါ်ယူထားပြီးဖြစ်ပါတယ်။

နောက်ထပ် ထိပ်တန်းကစားသမားတွေကိုလည်း ထပ်မံခေါ်ယူဖို့ ရှိနေလို့ ရီးရဲဟာ အသင်းမှာမလိုအပ်တော့တဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချဖို့ ရှိနေပါတယ်။ အဲဒီလို နည်းပြဇီဒန်းမကြိုက်တော့တဲ့ ကစာသမား (၁၁) ယောက်စာရင်းကို အသင်းဖွဲ့စည်းကြည့်ရာမှာတော့ တော်တော်လေးအင်အားတောင့်တင်းနေတာကိုတွေ့ရပါတယ်။

နည်းပြဇီဒန်းမကြိုက်တော့ဘဲ (၁၁) စာရင်းရဲ့ ဂိုးသမားနေရာမှာတော့ လက်ရှိပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကီလာနာဗက်စ်က ရှိနေပါတယ်။

နောက်တန်း (၄) ယောက်နေရာမှာတော့ သီယိုဟာနန်ဒက်ဇ်၊ နာချို၊ ဗယ်လီဂျို၊ လူးကပ်ဗက်ကွက်တို့လို ပုံမှန်ပွဲထွက်ခွင့်ပျောက်ပြီး လာမယ့်ရာသီမှာလည်း နေရာရဖို့ မလွယ်တော့တဲ့ ကစားသမားတွေက ရှိနေပါတယ်။

ကွင်းလယ် (၃) ယောက်နေရာမှာတော့ ရီးရဲအသင်းက သေချာပေါက်ထွက်ခွာတော့မယ့် ကွင်းလယ်လူရိုဒရီဂွတ်ဇ်၊ လူငယ်ကွင်းလယ်လူတွေဖြစ်ကြတဲ့ စီဘယ်လော့နဲ့ အိုဒီဂတ်တို့က ရှိနေတာကို တွေ့ရပါတယ်။

တိုက်စစ်(၃) ယောက်နေရာမှာ ဂါရတ်ဘေးလ်၊ အစ္စကို၊ မာရီရာနိုတို့ ရှိနေပါတယ်။ ဒါကြောင့် ဒီလူစာရင်းဟာ အတော်လေးတောင့်တင်းလွန်းတာတွေ့ရပြီး ဒီကစားသမားတွေအကုန်လုံးကိုရောင်းထုတ်မယ်ဆိုရင် နှမြောစရာကောင်းတာ တွေ့ရပါတယ်။

ရီးရဲနည်းပြဇီဒန်း မလိုချင်တော့တဲ့ ကစားသမား (၁၁) ယောက်စာရင်း

Ref Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။