မီတာခတွေတက်လာတဲ့အပေါ် ပိုက်ဆံမကုန်တဲ့နည်း ပြောပြလာတဲ့ နေထူးနိုင်

Posted on - Jun 25 []

K Kay

စာရေးသူ

ယနေ့မနက်ပိုင်းမှာထုတ်ပြန်လိုက်တဲ့ မီတာခတွေပြောင်းလဲကောက်ခံမှာနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာ အရမ်းကိုဂယက်ထနေခဲ့တာပါ။ ထိုသို့ဂယက်ထနေတာနဲ့ပတ်သက်ပြီး သရုပ်ဆောင် အက်ရှင်မင်းသား နေထူးနိုင်ကလည်း ပြည်သူတွေထဲက တစ်ယောက်ပဲမို့ ပရိသတ်တွေအတွက် နည်းလမ်းကောင်းလေးတွေကို ချပြပေးထားခဲ့တာပါ။ သူပြောပြထားတဲ့ နည်းလမ်းကောင်းလေးတွေကြောင့်လည်း ပရိသတ်တွေက အရမ်းကို သဘောကျနေခဲ့ကြရတာပဲ ဖြစ်ပါတယ်။

မီတာခတွေ တိုးမြှင့်ကောက်ခံမယ့်အပေါ် နည်းလမ်းကောင်းတွေကို မျှဝေပေးထားခဲ့တဲ့ နေထူးနိုင်ရဲ့ အကြံပေးချက်လေးကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

နေထူးနိုင်ကတော့ " မေး-ပိုက်ဆံမကုန်တဲ့နည်း-? ဖြေ-မီးခဏခဏဖြတ်ပေး မီးပျက်ခြင်းအားကျေးဇူးတင်ပါ " ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ စနောက်ပြီး ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

နေထူးနိုင်ကတော့ လတ်တလောမှာ ပရဟိတအလုပ်ဖြစ်တဲ့ အပူဒဏ်ကာဖို့အတွက် သစ်ပင်စိုက်ပျိုးရေးမှာ စိတ်ဝင်တစားနဲ့ ပါဝင်လုပ်ကိုင်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့တော့ ဗီဒီယိုဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးပေးနေတာဖြစ်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မယ့် ရုပ်ရှင်ကားကြီးတစ်ကားကို ရိုက်ကူးမယ့်အကြောင်းကို ပရိသတ်တွေကို ပြောပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မီတာခတွေ ပြောင်းကောက်ခံမယ့်အကြောင်းနဲ့ပတ်သက်ပြီး အကြံပြုပေးထားခဲ့တဲ့ နေထူးနိုင်ရဲ့ နည်းလမ်းလေးကို ပရိသတ်တွေလည်း သဘောတူကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ပရိသတ်တွေရဲ့ ဆန္ဒလည်း နေထူးနိုင်ရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျတယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Kay Kay
Ref : Nay Htoo Naing's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။