ကြားရသူတိုင်း ကြည်နူးသွားရစေမယ့် ရော်နယ်ဒိုရဲ့မက်ဆီအပေါ် မွေးနေ့ဆုတောင်းစကား

Posted on - Jun 26 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဇွန်လ ၂၄ ရက်နေ့မှာ အသက် (၃၂) နှစ်ပြည့်မြောက်ခဲ့ပါပြီ။ မက်ဆီဟာ သက်တမ်းတစ်လျှောက် ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြကစားကာ အောင်မြင် မှုများစွာ ရယူထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ ဘောလုံးလောကမှာ နောက်တစ်ယောက် လုံးဝထွက်ပေါ်လာနိုင်ဖို့မရှိတော့တဲ့ ပါရမီရှင်ကစားသမားပဲ ဖြစ်ပါတယ်။

မက်ဆီရဲ့မွေးနေ့ကို ကမ္ဘာကျော်ဘောလုံးသမား အများအပြားက မွေးနေ့ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပြီး အဲဒီအထဲမှာ ဘရာဇီးဂန္ထ၀င်ကစားသမားဟောင်းရော်နယ်ဒိုကလည်း တစ်ယောက်အပါအ၀င်ပါ။

ရော်နယ်ဒိုက "မွေးနေ့မှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မက်ဆီအနေနဲ့ နောက်ထပ် နှစ်ပေါင်း (၁၀၀) ကျော် ဘောလုံးကစားနိုင်ဖို့မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင် ဘ၀ရဲ့နောက်ဆုံးအချိန်အထိ ဘောလုံးကစားနိုင်ပါစေလို့ ပြောချင်ပါတယ်။

မက်ဆီတစ်ယောက် ဘောလုံးကစားနေတာကိုကြည့်ရတာ အားလုံးနှစ်သက်ကြတယ်မလား"လို့ ရော်နယ်ဒိုက မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့မွေးနေ့ဆုတောင်းစကားက ဘောလုံးပရိသတ်တွေ အားလုံးအတွက် ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ မက်ဆီရဲ့ပရိသတ်ဖြစ်တယ်လို့လည်း အတိအလင်းဝန်ခံထားခဲ့သူဖြစ်ပါတယ်။ ရော်နယ်ဒိုပြောခဲ့သလိုပဲ ကျွန်တော်တို့အားလုံးလည်း မက်ဆီဘောလုံးကစားနေတာကို ထာဝရကြည့်ချင်နေမိပါတော့တယ်။ မက်ဆီမရှိတော့တဲ့ မြက်စိမ်းခင်းနေ့ရက်တွေဟာ တွေးကြည့်ရုံနဲ့တင် ထိတ်လန့်စရာကောင်းလွန်းလှပါတယ်။

Ref All Football'

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။