အားပေးကြမ်းတဲ့ ပရိသတ်တွေကြားမှာ လူပိမှာစိုးလို့ ဖိနပ်ချွတ်ပြေးခဲ့ရတဲ့ ဝတ်မှုံရွှေရည်

Posted on - Jun 26 []

Rowena

စာရေးသူ

နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အကယ်ဒမီဆုကြီး(၂)ဆုကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အားပေးသူပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးလေး တစ်လက်ဆိုလည်း မမှားပါဘူး။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၃)ရက်နေ့မှာတော့ ဝတ်မှုံရွှေရည်က မင်းသားချောပြေတီဦးနဲ့အတူတူ မန္တလေးမြို့မှာ ကျင်းပတဲ့ "နှစ်ပတ်အလို" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ လက်မှတ်ထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဝတ်မှုံရွှေရည်နဲ့ ပြေတီဦးကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း သူမတို့နှစ်ယောက်ကို တစ်ခဲနက် လာရောက်အားပေးကြတာကို တွေ့ရပါတယ်။

လာရောက်အားပေးတဲ့ ပရိသတ်တွေက အင်မတန်များပြားလွန်းတာကြောင့် ပြေတီဦးနဲ့ ဝတ်မှုံရွှေရည်ခမျာ လူကြားထဲမှာ ပိနေခဲ့သလို ပရိသတ်တွေ အချင်းချင်းလည်း တိုးဝှေ့ရင်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဝတ်မှုံရွှေရည်ကလည်း အားပေးတဲ့ ပရိသတ်တွေကြားထဲမှာ ပိတ်မိနေတဲ့အတွက် စီးထားတဲ့ ဒေါက်ဖိနပ်ကိုချွတ်ပြီး ပြေးခဲ့ရတဲ့ အမှတ်တရတွေကို အခုလိုပဲ ပြောပြထားပါတယ်။

"အားပေးတဲ့ ပရိသတ်များလွန်းလို့ ဖိနပ်တောင်ချွတ်ပြေးရပါတယ် " ဆိုတဲ့ ဝတ်မှုံရွှေရည်

"နှစ်ပတ်အလို" ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ မောင်မျိုးမင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ပြေတီဦး၊ ရဲအောင်၊ မင်းဦး၊ ကျော်ကျော်ဗိုလ်၊ ဝတ်မှုံရွှေရည်၊ အေးမြတ်သူ၊ မျိုးသန္တာထွန်း၊ ချိုပြုံးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

"နှစ်ပတ်အလို" ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ(၂၀)ရက်နေ့ကတည်းက ရုံတင်ပြသခဲ့တာ ဖြစ်ပြီး ရုံတင်တဲ့ ပထမအပတ်မှာတင် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ခံထားရတာ ဖြစ်ပါတယ်။ "နှစ်ပတ်အလို" ရုပ်ရှင်ဇာတ်ကားကြီးကို မကြည့်ရသေးတဲ့ ပရိသတ်တွေလည်း ပြေတီဦးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

Rowena
Source: နှစ်ပတ်အလို ရုပ်ရှင်ဇာတ်ကားကြီး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။