အဖွားရဲ့ ပုံလေးကို ကြည့်ပြီးအရမ်းစိတ်မကောင်းဖြစ်ရပါတယ် ဆိုတဲ့ ဂျွန်လွင်

Posted on - Jun 26 []

May Phyo

စာရေးသူ

လူမှုကွန်ယက်တွေမှာ အရမ်းကို ဟော့ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တဲ့ ကောင်ကလေးကိစ္စနဲ့ ပတ်သက်ပြီး အတော်များများက နှမျောတသဖြစ်နေကြပါတယ်။ ကောင်းလေးဟာ အဘွားတွေ၊အဒေါ်တွေနဲ့ နေရတဲ့ သူဖြစ်ပြီး စိတ်အားငယ်လွယ်တဲ့ ကလေးလေးမျိုးဖြစ်နိုင်ပါတယ်။ သူဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးတစ်ယောက်ရဲ့ လှောင်ပြောင်မှုတွေကို မခံနိုင်တာကြောင့် ခုလိုသေကြောင်းကြံခဲ့တာဖြစ်တယ်လို့လဲ သူ့ရဲ့နောက်ဆုံးတင်ခဲ့တဲ့ ပို့စ်လေးထဲမှာ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီကောင်လေးရဲ့ သေဆုံးမှုက အနုပညာရှင်တွေကြားမှာပါ ဂယက်ထသွားစေခဲ့ပြီး သူတို့တွေကပါ ၀မ်းနည်းကြောင်း တွေပြောပြလာခဲ့ပါတယ်။ အဲ့ဒီအထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ star & model agency မှ ဂျွန်လွင်က သူအရမ်း စိတ်မကောင်းဖြစ်တဲ့အကြောင်းကို ပြောပြခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ အဖွားရဲ့ ပုံတွေဟာ အွန်လိုင်းမီဒီယာ တစ်ခုကတက်လာခဲ့ပြီး အဲ့ဒီ့ပုံလေးကိုကြည့်ကာ ကလေးကိုစိတ်သောကပေးသူတွေကို ပေးဆပ်မှုကြီး လုပ်ပေးရမယ် ဆိုကာ ပြောဆိုခဲ့ပါတယ်။ သူပြောခဲ့တဲ့ အပြည့်အစုံကတော့ “ မင်းတို့အပျော်လုပ်ခဲ့တဲ့ မိသားစုပြိုကွဲသလို မင်းတို့မျိုးဆက်တခုလုံးလဲ ဒီအဖွားခံစားရသလို မလွတ်တန်းမျိုးဆက်တုံးသည်ထိ ပေးဆပ်ကြရပါစေ။ ဒီကလေးကို စိတ်သောက ပေးသူတွေကိုရည်ညွှန်းသည်” ဆိုကာရေးသားခဲ့ပါတယ်။

အဆိုပါ ရေးသားမှုနဲ့ပတ်သက်ပြီးမေးမြန်းဖြစ်တဲ့အခါမှာလဲ ဂျွန်လွင်က “ အဖွားရဲ့ပုံတွေကိုမြင်လိုက်ရတဲ့အခါ မှာ ကျွန်တော်အရမ်းစိတ်မကောင်းဖြစ်မိတယ်။ လူတိုင်းမှာမိသားစုဆိုတာရှိတယ်။သူ့ဘာသာသူ အခြောက်မကလို့ ယောကျာင်္းမကလို့ သူတောင်းစာဘဲဖြစ်နေနေမှာ လူတိုင်းမှာ familyဆိုတာရှိတယ်၊ သူမိသားစုဘယ်လို ခံစားရမလဲဆိုတာကို ကြည့်ပြီးအဲ့ကစပြီး အင်တာဗျူးတွေဖြေဖြစ်ခဲ့တာပါ” ဆိုကာ မျက်ရည်တွေမထိန်းနိုင်တော့တဲ့ အထိကို ဖြေဆိုခဲ့ပါတယ်။

အင်တာဗျူးအဆုံးထိမဖြေနိုင်ခဲ့တဲ့ ဆရာဂျွန်

ဘေးကလူတွေက တောင်အရမ်းခံစားနေရရင် မိသားစုဝင်တွေ ဘယ်လောက်ခံစားနေရမလဲ ဆိုတာကိုတွေးကြည့်ရုံနဲ့တင် စိတ်မကောင်းဖြစ်ရပါတယ်။ သူဆုံးသွားတဲ့ ကလေးလေးလဲ အေးချမ်းတဲ့ဘ၀ကိုရောက်ရှိပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

May Phyo(MML)
Source – John Lwin, momolay tv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။