"ကုတင်ပေါ်က ကိစ္စကိုပြောဖို့ ရှက်နေရင် ကိုယ့်ယောကျာ်း တခြားကုတင်ပေါ်ရောက်သွားမယ်" ဆိုတဲ့ လှနုထွန်း

Posted on - Jun 26 []

Moe Kalay

စာရေးသူ

National Director အလှမယ် လှနုထွန်းဟာဆိုရင် သူမက ခင်ပွန်းအပေါ်တာဝန်ကျေတဲ့ ဇနီးတစ်ဦးအဖြစ် သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ အားပေး ဝေဖန်မှုများစွာခံနေရပြီး အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဒဿန တွေကိုလည်း အိမ်ထောင်ရှင်အမျိုးသမီး တွေအတွက် ဝေမျှလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ သူမက လူမှုကွန်ယက်ပေါ်မှာ " မိန်းမတွေ အတူမအိပ်ချင်တဲ့ ယောကျာ်း " ဆိုတဲ့ စာစုကို ရေးသားခြင်းနဲ့ ပတ်သက်ပြီး မိုမိုလေးကို ပြောပြလာတာ တွေ့ရပါတယ်။

Nnational Director အလှမယ် လှနုထွန်း က ဒီနေ့မနက်မှာ သူမခောက်ဆွဲပြုတ် နေတဲ့အချိန် " မိန်းမတွေ အတူမနေချင်တဲ့ ယောက်ျား" ဆိုပြီး ရေးလိုက်တဲ့ အပေါ် လူမှုကွန်ယက်ပေါ်မှာ အရမ်းကိုနာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အရေးအသားတွေကြောင့် ယောကျာ်းထုကြီးရဲ့ ဝေဖန်ပြောဆိုခြင်းတွေနဲ့ ကြုံတွေ့နေရတာပါ။သူမရေးသားခဲ့တဲ့အကြောင်း နဲ့ပတ်သက်ပြီး ခုလိုပြောထားပါတယ်။

လှနုထွန်းက "လှနု ပွင်းပွင်းလင်းလင်း ပြောချင်တာက ကုတင်ပေါ်က ကိစ္စပြောဖို့ ရှက်တယ်ဆိုရင် ကိုယ့်ယောကျာ်း တခြားကုတင်ပေါ်ရောက်သွားမယ်၊ ကိုယ့်ကုတင်ကို ကိုယ်သေသေချာချာကောင်းအောင် ခင်းမလား သူများကုတင်ပေါ်ရောက်တော့မှပဲ ထိုင်ငိုမလား.ဒါကို ရှက်နေမလား ၊ မရှက်သင့်တာ မရှက်ပါနဲ့၊ ပြုပြင်သင့်တာ ပြုပြင်ပါ၊ ကိုယ့်အမျိုးသားကို ကိုယ်ချစ်တယ် ဆိုရင်ပြုပြင်ပေးပါလို့။ လှနုက မနက်က မုန့်စားရင်းနဲ့ဒီစာကို တွေ့မိသွားတယ်။ အဲဒါနဲ့ လှနုက ဘာသာပြန်ပြီး ကိုယ့်အာဘော် နဲ့ရေးပြီး Share လိုက်တာပါ။အဲလို Share လိုက်ရင် ဘာဖြစ်မလဲ ဆိုတာသိပေမယ့် ဒီလောက်အထိပြန့်သွားလိမ့်မယ် လို့ မထင်မိဘူး။ ပြီးတော့ လှနုစိတ်ထဲမှာ အမြဲတမ်း ဒီမိန်းမကို စိတ်ပျက်တယ်၊ ဒီမိန်းမ ကိုထားခဲ့တယ်၊ ဆိုတဲ့ အကြောင်းတွေပဲ လှနုက ကြားဖူးတာ၊ ဒီယောကျာ်းကို စိတ်ပျက်တယ်၊ ဒီယောကျာ်းက မမိုက်ဘူး ဆိုတာ မိန်းမတွေက ပြောခွင့်မရှိဘူး၊ အဲဒါကြောင့် လှနုရေးလိုက်တာ၊ မိန်းကလေးဘက်ကနေ လှနုတင်လိုက်တာ" လို့ပြောထားပါတယ်။

သူမ မနက်က စာတင်ပြီးတဲ့ အချိန်မှလည်း" အိမ်ကအစ်မက ဖုန်းဆက်တယ် နင်ဘာတွေ လုပ်နေတာလဲပြန်ဖျက်ပြန်ဖျက် ဆိုပြီး ပြောတယ်၊ အမေကလည်း အစ်မဖုန်းပြောနေတဲ့ အချိန်မှ သူကြည့်မိတော့ရှက်နေပြီပြန်ဖျက်ဆိုပြီးပြောတယ်လို့ ပြောထားပါတယ်။ခင်ပွန်းဖြစ်သူကိုလည်း " လှနုလုပ်လိုက်ပြီလို့ ပြောတော့ အမြဲတမ်း မင်းကို Support လုပ်နေမယ် မင်းဟာလူတွေကို ကိုယ်တတ်သလောက်လေးနဲ့ မျှဝေပေးဖို့အတွက် မွေးဖွားလာတာ အဲဒါကြောင့် မင်းရဲ့ ယောကျာ်းတစ်ယောက် အနေနဲ့ Support လုပ်ပေးမယ်လို့ပြောတယ်။" ဆိုပြီးပြောထားပါတယ်။

လှနုထွန်းက ဒီနေ့မနက်မှာ သူမရဲ့မွေးနေ့အလှူအနေနဲ့ မေရီချက်(ပ်)မင်း ဆွံ့အနားမကြားကျောင်းမှာ အလှူလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။လှနုထွန်း ပြောထားတဲ့ အကြောင်းကိုမိုမိုလေး ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;momolay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။