ပြစ်ချက်တစ်ချက်မှ မရှိသူတွေလို့ သတင်းထောက်တွေသတ်မှတ်ပေးထားတဲ့ ကိုရီးယားဆယ်လီ (၄)ဦး

Posted on - Dec 1 []

Mia Zin

စာရေးသူ

နာမည်ကြီး အနုပညာရှင်တွေရဲ့ အနောက်ကိုတကောက်ကောက်လိုက်ပြီး သူတို့တွေ ဘာလုပ်တယ်၊ ဘယ်သွားတယ်ဆိုတာကို အနောက်ကနေ တကောက်ကောက်လိုက်ပြီး ဓာတ်ပုံတွေ၊ သတင်းတွေ လိုက်လံယူတတ်ကြတဲ့ သတင်းထောက်တွေဟာ သူတို့အနေနဲ့ အခုဖော်ပြပေးမယ့် အနုပညာရှင် (၄) ဦးဆီမှာတော့ ဆိုးချက်၊ ပြစ်ချက်တွေ အနည်းငယ်မျှတောင်မှ မတွေ့ရှိခဲ့ကြဘူးလို့ ဆိုကြပါတယ်။ သူတို့တွေကတော့ ......

1. Lee Seung Gi

သတင်းထောက်တွေဟာ မင်းသား Lee Seung Gi ရဲ့ အနောက်ကို တကောက်ကောက်လိုက်ပြီး နေ့စဉ်လှုပ်ရှားမှုတွေကို သတိထားပြီးစောင့်ကြည့်ခဲ့ကြပေမယ့် Lee Seung Gi ရဲ့ တစ်နေ့တာလှုပ်ရှားမှုကတော့ အလုပ်ရှိရင် အလုပ်သွားပြီး မရှိရင်တော့ အိမ်မှာပဲ တစ်နေကုန်အချိန်ဖြုန်းနေတတ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ အပြင်သွားတယ်ဆိုလည်း အဲဒီသွားတဲ့နေရာက သူငယ်ချင်းတွေနဲ့စုပြီး ဘောလုံးကန်တဲ့နေရာသာ ဖြစ်ပါတယ်တဲ့။

2. Kim Jong Kook

ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ Kim Jong Kook ကတော့ သူ့ကိုယ်သူ အရမ်းဂရုစိုက်တတ်လွန်းတဲ့သူပါ။ သတင်းထောက်တွေအနေနဲ့ သူ့အနောက်ကို လိုက်တုန်းကဆိုရင် သူ့ရဲ့ တစ်နေ့တာဟာ Gym သွားမယ်၊ အလုပ်သွားမယ်နဲ့ အိမ်ပြန်တာကလွဲပြီးမရှိဘူးလို့ ဆိုပါတယ်။ အားရင်အားသလိုလည်း လေ့ကျင့်ခန်းတွေ လုပ်တတ်ပါတယ်တဲ့။

3. Lee Joon

Lee Joon ဟာလည်းပဲ သတင်းထောက်တွေကို ပျင်းရိစေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သတင်းထောက်ကို သူ့နောက်ကို ခြေရာခံလိုက်တုန်းကဆိုရင် သူ့ရဲ့ အားလပ်ချိန်တွေကို စားသောက်ဆိုင်မျိုးစုံတွေမှာ စားသောက်ခြင်း၊ ကော်ဖီဆိုင်ထိုင်ခြင်းနဲ့ ဈေးဝယ်ထွက်တာတွေမှာပဲ အသုံးချတယ်လို့ သိရပါတယ်။

4. Girls’ Generation’s Seohyun

သတင်းထောက်တွေကို ပျင်းရိစေလောက်အောင် ရိုးရှင်းတဲ့နေ့စဉ်ဘ၀ရှိသူ နောက်ထပ်အနုပညာရှင်တစ်ဦးကတော့ Girls’ Generation ရဲ့ Seohyun ပဲ ဖြစ်ပါတယ်။ သူမအနောက်ကို ခြေရာခံ၊ တကောက်ကောက်လိုက်ခဲ့ပေမယ့်လည်း သတင်းထောက်တွေတွေ့ရှိလိုက်တာကတော့ Seohyun ဟာ သူမရဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကို ကော်ဖီဆိုင်ထိုင်ပြီး စာအုပ်ဖတ်ခြင်းနဲ့ သူငယ်ချင်းတွေနဲ့ ချိန်းတွေ့စကားပြောတဲ့အခါမျိုးတွေပဲ အသုံးချတယ်လို့ ဆိုပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။