တရားဝင်ကွာရှင်းပြတ်စဲကြတော့မယ့် Song Hye Kyo နဲ့ Song Joong Ki

Posted on - Jun 27 []

Gunner Ksr

စာရေးသူ

Song-Song Couple လို့ ကိုရီးယားပရိသတ်တွေကြား နာမည်ကြီးတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ဟာ တရားဝင်ကွာရှင်းပြတ်စဲကြာတော့မှာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ DOTS ဇာတ်လမ်းတွဲမှာ စတင်တွေ့ဆုံခဲ့ပြီးနောက် ချစ်သူတွေဖြစ်ခဲ့ကြကာ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ တရားဝင်ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

ကြားထဲမှာလည်း သူတို့နှစ်ယောက် အဆင်မပြေတဲ့သတင်းကောလဟလတွေ အဆက်မပြတ်ထွက်ပေါ်ခဲ့ပါတယ်။ Song Hye Kyo လူထုကြားထဲထွက်ပေါ်လာခဲ့ရာမှာ လက်ထပ်လက်စွပ်မ၀တ်ခဲ့တာတွေကို တွေ့မြင်ခဲ့ရပါတယ်

ဒီနေ့မနက်အစောပိုင်းမှာတော့ Song Joong Ki ဟာ အဆင်မပြေမှုတချို့ ရှိနေတာကြောင့် Song Hye Kyo နဲ့ လမ်းခွဲတော့မှာဖြစ်တဲ့အကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

"မင်္ဂလာပါ။ ကျွန်တော်ကတော့ Song Joong Ki ပါ။ ကျွန်တော့်ကို ချစ်ခင်ပြီး ဂရုစိုက်ပေးတဲ့သူတွေကို ဒီလိုသတင်းဆိုးမျိုးပြောကြားရတဲ့အတွက် တောင်းပန်လိုကြောင်း ပထမဆုံးအနေနဲ့ ပြောကြားလိုပါတယ်။ ကျွန်တော် ဟာ Song Hye Kyo နဲ့ ကွာရှင်းတော့မှာပါ။

တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေမယ့်အစား အဆင်ပြေပြေကွာရှင်းနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ကျွန်တော့်တို့ရဲ့ ပုဂ္ဂိုလ်ရေးအသေးစိတ်ကို မဖော်ပြနိုင်ပေးတာကို နားလည်းပေးစေချင်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုအချိန်ကစပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ အကောင်းဆုံးပေးဆပ်ကာ ကြိုးစားသွားပါမယ်"လို့ Song Joong Ki က ထုတ်ပြန်ခဲ့တာပါ။

Ref Koreaboo

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။