လတ်တလော နာမည်ကြီးနေတဲ့ စုံတွဲပုံလေး နဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ ပိုင်တံခွန်

Posted on - Jun 27 []

Moe Kalay

စာရေးသူ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ ပိုင်တံခွန်က မော်ဒယ်လ် အလုပ်အပြင် သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေရှိတာကြောင့် သူ့ကို အားပေးချစ်ခင်တဲ့ အမာခံပရိသတ်တွေ ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန် က လတ်တလော ထွက်နေတဲ့ ကောလဟာလ နဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မော်ဒယ်လ် ပိုင်တံခွန်က သူ့ရဲ့ ပရိသတ်တွေ ရဲ့ သဲသဲလှုပ်အားပေးခြင်းခံထားရသူပါ။ ပိုင်တံခွန် က ပရိသတ်တွေအတွက်လည်း အမြဲတမ်းပုံလေးတွေလည်း ဖော်ပြပေးလေ့ရှိပါတယ်။သူ့ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်တဲ့ ပိုင်တံခွန်က မိန်းကလေး ပရိသတ်တွေ နဲ့ ဓာတ်ပုံတွဲရိုက်တာနဲ့ပတ်သက်ပြီးလည်း ကောလဟာလ တွေ ထွက်လေ့ရှိပါတယ်။

ဒီတစ်ခါမှာလည်း ပိုင်တံခွန် တို့စုံတွဲလေး ဆိုပြီး မိန်းကလေးတစ်ဦးနဲ့ ပွေ့ဖက် ထားတဲ့ အတွဲပုံလေးတွေ က ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာကြောင့် ပိုင်တံခွန်က ခုလို ပြန်ဖြေရှင်း ထားပါတယ်။

ပိုင်တံခွန်က " ပရိတ်သတ် ကောင်မလေးပါဗျာ အားနာစရာကြီးလောလောဆယ် ရည်းစားမရှိတာ
တနှစ်ပြည့်တော့မယ် ရှိစေချင် ရှာပေးပါ" ဆိုပြီး ပြောထားပါတယ်။

စုံတွဲပုံလေး က ပရိသတ်ဖြစ်ကြောင်း ကောင်မလေးကိုလည်း အားနာမိကြောင်း နဲ့ သူ့မှာ လောလောဆယ်ရည်းစားမရှိသေးကြောင်းကို ပြောထားပါတယ်။

ပိုင်တံခွန် က သူနဲ့ ပတ်သက်တဲ့ ကောလဟာလ နဲ့ပတ်သက်ပြီး ဖြေရှင်းထားတဲ့အကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူ့ပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;paing takhon

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။