သမီး​ချောလေး ထင်သစ္စာနဲ့အတူ Tiktok ​ဆော့ထားတဲ့ ခင်​ဇာခြည်​​ကျော်​ရဲ့ဗီဒီယိုတွေ

Posted on - Jun 27 []

Rowena

စာရေးသူ

ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားကို ပိုင်​ဆိုင်​ထားတဲ့ သရုပ်​​ဆောင်​ ခင်ဇာခြည်ကျော်က​တော့ ဒီ​နေ့ထိတိုင်​ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ ခင်ဇာခြည်ကျော်က သူမရဲ့ ချစ်စရာကောင်းတဲ့ သားလေး၊ သမီးလေးတို့နဲ့ အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ ခင်​ဇာခြည်​​ကျော်​က ချစ်​စရာသမီး​လေးနဲ့အတူ Tiktokကစားထားတဲ့ ချစ်​စရာ​ဗီဒီယို​လေးတွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ အမေထက်တောင် အိုက်တင်ကောင်းတဲ့ ခင်​ဇာခြည်​​ကျော်ရဲ့သမီးလေးက​တော့ အရမ်းကိုချစ်​ဖို့​ကောင်း​နေတာပါ​နော်​။

မိုမိုလေးရဲ့ ချစ်ပရိသတ်တွေကို ခင်ဇာခြည်ကျော်နဲ့ သမီးလေး ထင်သစ္စာတို့ရဲ့ အမိုက်စား Tik Tok Video ဖိုင်​လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်​ဇာခြည်​​ကျော်​က​တော့ "သမီး နဲ့ TikTok ဆော့ ထား တာ 😁😆 အ ပျော် ပါ နော် ...😜😎 "ဆိုပြီး သမီး​ချော​လေးနဲ့ Tiktokကစားထားတဲ့ ချစ်​စရာ​ဗီဒီယို​လေးတစ်​ခုကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာပါ။

ချစ်စရာ​သမီး​လေး ထင်သစ္စာနဲ့အတူ Tiktok ​ဆော့ထားတဲ့ ခင်​ဇာခြည်​​ကျော်​ရဲ့ဗီဒီယို

ခင်ဇာခြည်ကျော်ရဲ့သမီးလေး ကလည်း အမေထက်တောင် အိုက်တင်ကောင်းသေးတယ်နော်...။

ခင်ဇာခြည်ကျော်ကတော့ လတ်တလောမှာ ဇာတ်ကားတွေရိုက်ကူးရင်း သားလေးနဲ့အတူ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် ခင်ဇာခြည်ကျော်နဲ့ သမီးလေး ထင်သစ္စာတို့ရဲ့ အမိုက်စား Tik Tok Video လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Rowena
Source;khin zar chi kyaw's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။