ဂာဝန်လေးတွေကြည့်ပြီး မင်္ဂလာဆောင်ချင်သွားတယ်ဆိုတဲ့ အပျိုကြီး မအေးသောင်း

Posted on - Jun 27 []

Rowena

စာရေးသူ

ဆယ်ကျော်သက်အရွယ်ကတည်းက ယောကျာ်းလေးပရိသတ်တွေ အားပေးချစ်ခင်ခဲ့ရတဲ့ မင်းသမီးချောလေး အေးဝတ်ရညသောင်းက အခုအရွယ်ထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို ခံနေရဆဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လေးကလည်း သူမကို ပရိသတ်တွေ အချစ်တိုးစေတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေသလို ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေလျက်ရှိပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း အေးဝတ်ရည်သောင်းက မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ VENUS wedding and beauty studio ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အေးဝတ်ရည်သောင်းက VENUS wedding and beauty studio ဖွင့်ပွဲကို တက်ရောက်ရင်း ဂါဝန်လှလှလေးတွေ တွေ့ပြီး "ဂါဝန်တွေလှလွန်းတာတော့ရက်စက်တယ်။ မင်္ဂလာတောင်ဆောင်ချင်သွားတယ်ရှင့်။ တစ်နေ့တော့ အိမ်မက်တွေအကောင်အထည်ပေါ်မှာပါ။" ဆိုပြီး ပြောထားပါတယ်။

အေးဝတ်ရည်သောင်းကတော့ (၃၅) နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ သူမချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်း ဝတ်ဆင်ထားတဲ့ အသားရောင်ဝတ်စုံလေးကတော့ သူမရဲ့ ခန္ဒာကိုယ်လေးပေါ်မှာ ချပ်ချပ်ရပ်ရပ်နဲ့ အရမ်းကိုလှနေတာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကတော့ တစ်နေ့တစ်ခြား အလှတွေ ပိုလို့တောင် တိုးလာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ လှပတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Thaung
Photo Credit: Amazing Photography

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။