ချစ်သူမိန်းကလေးအတွက်ဆိုရင် ဓာတ်ပုံဆရာလည်းဖြစ်သွားတတ်ကြတဲ့ နာမည်ကြီးထိုင်းမင်းသားများ

Posted on - Dec 22 []

Mia Zin

စာရေးသူ

အခုခေတ် ချစ်သူကောင်လေးတွေအနေနဲ့ မဖြစ်မနေတတ်မြောက်ထားသင့်တဲ့ ပညာရပ်ကတော့ ပရော်ဖက်ရှင်နယ်တစ်ယောက်နီးပါး ဓာတ်ပုံကျွမ်းကျင်စွာရိုက်ကူးတတ်ဖို့ပါပဲ။ ချစ်သူကောင်မလေးနဲ့ အပြင်သွားတဲ့အခါ (ဒါမှမဟုတ်) ခရီးသွားတဲ့အခါမျိုးတွေမှာ ကိုယ့်ကောင်မလေးရဲ့ အလှပုံရိပ်၊ အမှတ်တရပုံရိပ်တွေကို ချစ်သူရဲ့စိတ်တိုင်းကျရိုက်ကူးပေးနိုင်ဖို့က ကောင်လေးတွေရဲ့ တာဝန်တစ်ခုလို ဖြစ်နေပါပြီ။ အခုဖော်ပြပေးမှာကတော့ ချစ်သူမိန်းကလေးအတွက်ဆိုရင် ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာလည်းဖြစ်သွားတတ်ကြတဲ့ နာမည်ကြီးထိုင်းသရုပ်ဆောင်မင်းသားတွေပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Nadech Kugimiya

Nadech ဟာဆိုရင် သူ့ရဲ့ချစ်သူ Yaya Urassaya နဲ့ ခရီးတွေသွားတဲ့အခါတိုင်းမှာ ချစ်သူရဲ့ အမှတ်တရအလှပုံရိပ်တွေကို သူကိုယ်တိုင်ရိုက်ကူးပေးတတ်သူ ဖြစ်ပါတယ်။

2. Mark Prin

နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Mark Prin ဟာဆိုရင်လည်း ချစ်သူ Kimmy နဲ့ တွေ့ဆုံတဲ့အခါတိုင်းမှာ ချစ်ရသူရဲ့ ပုံရိပ်တွေကို လှပကောင်းမွန်စွာရိုက်ကူးပေးတတ်သူဖြစ်ပြီး ရိုက်ကူးထားတဲ့ပုံရိပ်တွေကိုလည်း လူမှုကွန်ယက်အကောင့်တွေကနေတဆင့် ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။

3. Alek Teeradetch

Alek ကလည်း ဓာတ်ပုံရိုက်ကူးရတာကို ၀ါဿနာပါသူတစ်ယောက်ဖြစ်ပြီး ချစ်သူ Toey Jarinporn နဲ့ တွေ့ဆုံတဲ့အခါတိုင်းမှာ ချစ်သူရဲ့ပုံရိပ်တွေကို အနည်းဆုံးတစ်ပုံလောက်တော့ ရိုက်ကူးပေးတတ်သူဖြစ်တယ်လို့ သိရပါတယ်။

4. Weir Sukollawat

နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်သူ Weir ကလည်းပဲ ချစ်သူ Bella Ranee ရဲ့ အမှတ်တရအလှပုံတွေကို သူကိုယ်တိုင်ရိုက်ကူုးပေးပြီး သူ့ရဲ့ အင်စတာရမ်အကောင့်မှာ တင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

သင်တို့မှာရော သင်တို့စိတ်တိုင်းကျတဲ့အထိ ဓာတ်ပုံတွေရိုက်ပေးတတ်ကြတဲ့ ချစ်သူတွေကို ပိုင်ဆိုင်ထားကြပြီလား။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။