ဟောလီးဝုဒ်ရုပ်ရှင်ပိုစတာတွေအတိုင်း ကူးချထားခဲ့ကြတဲ့ ဘောလီးဝုဒ်ရုပ်ရှင်ပိုစတာများ

Posted on - Jul 3 []

Htoo Yan Ag

စာရေးသူ

Hollywood က နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေလိုပဲ နိုင်ငံတကာနဲ့ အညီ ရင်ဘောင်တန်းနိုင်လာတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ Bollywood ရုပ်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ငွေကြေးသန်းပေါင်းများစွာအကုန်အကျခံပြီး Special Effect တွေများစွာနဲ့ ရိုက်ကူးတင်ဆက်လာတာကို တွေ့ ရတဲ့ ဘောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတွေဟာ ၀င်ငွေအရလည်း ဟောလီးဝုဒ်ရုပ်ရှင်တွေနီးပါး ကောင်းမွန်လာတာကို တွေ့ ရပါတယ်။ ဒါပေမဲ့လည်း Bollywood ရုပ်ရှင်တွေတော်တော်များများမှာ Hollywood ရုပ်ရှင်တော်တော်များများရဲ့ ပိုစတာတွေကအစ မှီငြမ်းထားတဲ့ အငွေ့ အသက်တွေများစွာ ရှိနေဆဲပါပဲ။ ဟောလီးဝုဒ်ရုပ်ရှင်ပိုစတာတွေအတိုင်း တစ်ပုံစံတည်း ကူးချထားတဲ့ ဘောလီးဝုဒ်ရုပ်ရှင်ပိုစတာတွေကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Bhoot နဲ့ Final Destination2

Hollywood ရဲ့ နာမည်ကြီး Film Series ဖြစ်တဲ့ Final Destination 2 ရဲ့ ပိုစတာနဲ့ ချွတ်စွပ်တူနေတာကတော့ Bhoot ဇာတ်ကားပဲဖြစ်ပါတယ်။

Agent Vinod နဲ့ Johnny English

Agent Vinod ဇာတ်ကားဟာလည်း Mr.Bean ရဲ့ နာမည်ကြီး Johnny English ဇာတ်ကားရဲ့ ပိုစတာအတိုင်း တစ်ပုံစံတည်းကူးချထားတာကို ပုံပါအတိုင်းတွေ့ ရမှာပါ။

Atithi Tum Kab Jaoge နဲ့ License to Wed

Atithi Tum Kab Jaoge ဇာတ်ကားဟာလည်း License to Wed ဇာတ်ကားရဲ့ ပိုစတာနဲ့ ချွတ်စွပ်တူပြီး ဇာတ်လမ်းကအစ ဆင်တူနေတာကို တွေ့ ရမှာပါ။

The Xpose နဲ့ The Great Gatsby

ထိတ်ထိတ်ကြဲ Hollywood မင်းသား၊မင်းသမီးတွေပါဝင်ရိုက်ကူးထားတဲ့ The Great Gatsby ဇာတ်ကားရဲ့ ပိုစတာအတိုင်း တစ်ပုံစံတည်းကူးချထားတာကတော့ The Xpose ဇာတ်ကားဖြစ်ပါတယ်။

ပိုစတာတင် ချွတ်စွပ်တူတာမဟုတ်ပဲ ဇာတ်လမ်းကအစ ဆင်တူနေလို့ ဇာတ်ဝင်ခန်းတော်တော်များများရဲ့ ရိုက်ချက်တွေမှာလည်း တစ်ပုံစံတည်းတူနေတာကို တွေ့ ရမှာပါ။

Hisss နဲ့ King Arthur

နာမည်ကြီး Hollywood ဇာတ်ကားတစ်ကားဖြစ်တဲ့ King Arthur ရဲ့ ပိုစတာနဲ့ တစ်ထေရာတည်းတူနေတာကတော့ မြွေမင်းသမီးဇာတ်ကား Hisss ပဲဖြစ်ပါတယ်။

Khamoshiyan နဲ့ The Silence of The Lambs

Khamoshiyan ဇာတ်ကားရဲ့ ပိုစတာဟာ Hollywood ရဲ့ နာမည်ကြီးသရဲကားဖြစ်တဲ့ The Silence of The Lambs ရုပ်ရှင်ရဲ့ ပိုစတာအတိုင်း တစ်ပုံစံတည်း ကူးချထားတာဖြစ်ပါတယ်။

Kites နဲ့ The Notebook

နာမည်ကြီးအချစ်ရုပ်ရှင် The Notebook ရဲ့ ပိုစတာနဲ့ တူနေတာကတော့ Kites ဇာတ်ကားဖြစ်ပါတယ်။

Ra.One နဲ့ Tron

မင်းသားကြီးရှရွတ်ခန်းရဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Ra.One ရဲ့ ပိုစတာက Tron ဇာတ်ကားရဲ့ ပိုစတာနဲ့ တစ်ပုံစံတည်းတူနေတာကို တွေ့ ရမှာပါ။

အဆိုပါ Ra One ဇာတ်ကားရဲ့ တစ်ခြားပိုစတာတစ်ခုဟာလည်း Batman ဇာတ်ကားရဲ့ ပိုစတာနဲ့ ချွတ်စွပ်တူနေပြန်တာကို တွေ့ ရပါတယ်။

REF : BrainBerries
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။