နာမည်ကြီးအမှတ်တံဆိပ်တွေရဲ့ သံတမန်တွေအဖြစ်နဲ့ ခန့်အပ်ခြင်းခံထားရတဲ့ ထိုင်းမင်းသမီး(၃)ဦး

Posted on - Jul 5 []

Mia Zin

စာရေးသူ

အခုတင်ဆက်ဖော်ပြပေးချင်တဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီး ၃ ဦးကတော့ သရုပ်ဆောင်အရည်အချင်းမှာရော အလှအပမှာပါ အပြစ်ပြောစရာမရှိလောက်အောင်ကို ပြည့်စုံလွန်းသူတွေဖြစ်ကြတဲ့အပြင် နိုင်ငံတကာ နာမည်ကြီးအမှတ်တံဆိပ်တွေရဲ့ သံတမန်အဖြစ်နဲ့ လက်မှတ်ရေးထိုးပြီး ခန့်အပ်ထားခြင်းကိုလည်း ရရှိထားကြသူတွေ ဖြစ်ပါတယ်။ သူမတို့ ၃ ယောက်ကတော့.....

1. Yaya Urassaya

Yaya Urassaya ကတော့ Louis Vuitton အမှတ်တံဆိပ်ရဲ့ သံတမန်အဖြစ်နဲ့ ခန့်အပ်ခြင်းခံရတဲ့ ပထမဆုံးသော ထိုင်းသရုပ်ဆောင်မင်းသမီးဖြစ်ပြီး Louis Vuitton ကနေပြုလုပ်တဲ့ နိုင်ငံတကာက ပွဲအခမ်းအနားတွေကိုလည်း မကြာခဏဆိုသလို တက်ရောက်ပေးရပါတယ်။ သူမဟာ ထိုင်းနိုင်ငံမှာသာမက အာရှနိုင်ငံတွေမှာပါ အောင်မြင်နေတဲ့ ထိုင်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်ပါသေးတယ်။

2. Chompoo Araya

နာမည်ကြီး လက်ဝတ်ရတနာအမှတ်တံဆိပ်ဖြစ်တဲ့ Chopard ကတော့ သူတို့ရဲ့ သံတမန်အဖြစ်နဲ့ မင်းသမီး Chompoo Araya ကို သိပ်မကြာခင် လပိုင်းလောက်တုန်းကမှ ခန့်အပ်ထားတာ ဖြစ်ပါတယ်။

3. Mai Davika

မြန်မာပရိသတ်တွေက "Pee Mak" မင်းသမီးရယ်လို့ အသိများကြတဲ့ မင်းသမီးလေး Mai Davika ကလည်းပဲ ထိုင်းနိုင်ငံမှာသာမက အာရှနိုင်ငံတွေမှာပါ အောင်မြင်လူကြိုက်များနေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမကိုတော့ တောင်ကိုရီးယားနိုင်ငံထုတ် အလှကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Jung Saem Mool က သံတမန်အဖြစ်နဲ့ ခန့်အပ်ထားတယ်လို့ သိရပါတယ်။

Myint Myat
Source : Thai Update

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။