သူနဲ့ ပရိသတ်​ရဲ့ကြားက ထူးဆန်းတဲ့ ​ရေစက်​အ​ကြောင်း ​ပြောပြလာတဲ့ G Fatt

Posted on - Jul 6 []

Myint Myat

စာရေးသူ

ပရိသတ်​​တွေဆီကို သီချင်း​ကောင်း​လေး​တွေ ​ဝေမျှ​ပေး​လေ့ရှိတဲ့ အဆို​တော်​ G Fatt က​တော့ အဆို​ပိုင်းမှာသာမက သီချင်းဖန်​တီးမှုပိုင်းမှာလည်း ထူးချွန်​တဲ့ အနုပညာရှင်​တစ်​ဦးပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ G Fatt က ပရိသတ်​​တွေနဲ့ သူ့ရဲ့ကြားက ရင်းနှီးလွန်းတဲ့ ဆက်​နွယ်​မှုတစ်​ခုကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထား​တာ ​တွေ့ရပါတယ်​။ များပြားလှတဲ့ ပရိသတ်​​​တွေထဲက တစ်​​ယောက်​ကို မှတ်​မိ​နေတဲ့ G Fatt က​တော့ တကယ့်​ကို ​စေ့စပ်​လွန်းတဲ့ အနုပညာရှင်​ပါပဲ​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ အရမ်းကို ချစ်​စရာ​ကောင်းတဲ့ ပရိသတ်​နဲ့ အဆို​တော်​တို့ရဲ့ ဆက်​ဆံ​ရေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

G Fatt က​တော့ "မနေ့က ဘုရားကနေ ပြန်အဆင်းမှာ ကျွန်တော် မှတ်မိနေတဲ့ ကျွန်တော့် ပရိတ်သတ်တစ်ယောက်ကို ဖြတ်ခနဲတွေ့လိုက်တယ် (သူကတော့ ကျွန်တော့် ကို မတွေ့ဘူး ဟိုကြည့်ဒီကြည့်နဲ့ထိုင်နေတာ) ကျွန်တော် သူ့ကို ကျော်သွားပြီးမှ သွားပြန်နှုတ်ဆက်ဦးမယ် ဆိုပြီး သူ့ဆီပြန်လှည့်လာကာ *ဟှောင့် မင်းကိုကြီးကို သိလား ဒီမှာ ဘာထိုင်လုပ်နေတာလဲ* ဆိုတော့ *ဟာကိုကြီး ကျွန်တော် ဓာတ်ပုံရိုက်မယ် ဗျာ အစ်မ ဘုရားရှိခိုးတာ လာစောင့်နေတာ*တဲ့ သူပျော်သွားပုံပဲ .. ကျွန်တော်လဲသူပျော်နေတာကြည့်ပြီး ကြည်နူးရတယ် ... တစ်ခါ တစ်လေ ကျွန်တော် နဲ့ ကျွန်တော့် ပရိတ်သတ်တွေကြားက ရေစက်တွေ ဟာ သိပ်ထူးဆန်းလွန်းတယ် ❤️" ဆိုပြီး သူနဲ့ ပရိသတ်​ကြားထဲက ဆက်​နွယ်​မှုကို ကြည်​နူးစွာ ​ပြောပြထားတာပါ။

G Fatt က​တော့ လတ်​တ​လောမှာ သီချင်းအသစ်​​တွေ ဖန်​တီးဖြစ်​​နေပြီး ရှိုးပွဲ​တွေလည်း ဆက်​တိုက်​ဆိုဖြစ်​​နေတာပါ။ ချစ်တတ်လွန်းသူကြီး G Fatt နဲ့ မမချောချောနန်းဆုတို့ရဲ့ ကြည်နူး ကြည်နူးဖွယ်ကောင်းလှတဲ့ အချစ်ရေးကလည်း ပရိသတ်တွေကို အမြဲလိုလို အားကျစေခဲ့တာပဲ ဖြစ်​ပါတယ်​။ မိုမိုလေးချစ်ပရိသတ်တွေလည်း G Fatt နဲ့ ပရိသတ်​​တွေရဲ့ ကြည်​နူးစရာ​ကောင်းတဲ့ ​ရေစက်​​လေးကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;G Fatt's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။