Teaser နဲ့တင် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ Disney ရဲ့ Live-Action ဇာတ်ကားသစ် Mulan

Posted on - Jul 8 []

Htoo Yan Ag

စာရေးသူ

Disneyဟာ ၁၉၉၈ခုနှစ်က ထွက်ရှိပြီး ပရိသတ်တွေကြားမှာ တစ်ဟုန်ထိုးအောင်မြင်မှု ရရှိခဲ့တဲ့ နာမည်ကျော်ကာတွန်းဇာတ်လမ်း Mulan ကို တစ်ဖန်ပြန်လည်ပြီး Live-Action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ရုပ်ရှင်ရဲ့ ပထမဆုံး Teaser ထွက်ရှိလာခဲ့ပါပြီ။ တရုတ်စစ်သည်တော် မိန်းမပျိုလေးအကြောင်း အဓိကပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ မနေ့ညက ပထမဦးဆုံး Teaser ထွက်ရှိလာအပြီးမှာပဲ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။

ဒီ Mulan ရဲ့ Live Action ဇာတ်ကားမှာတော့ ကမ္ဘာကျော် တရုတ်-အမေရိကန် သရုပ်ဆောင် Liu Yifei က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ဓားရေးကျွမ်းကျင်မှုနဲ့အတူ စစ်မြေပြင်မှာ ရန်သူတွေကို ဘယ်လိုတိုက်ခိုက်အနိုင်ယူသွားမလဲဆိုတာ ဒီ Mulan ဇာတ်ကားမှာ ကြည့်ရှုခံစားရမှာပါ။ ဒါရိုက်တာ Niki Carois ရိုက်ကူးထားတဲ့ Mulan ဇာတ်ကားရဲ့ ပထမဦးဆုံး Teaser ကို မိုမိုလေးပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

Disney's Mulan - Official Teaser

ပထမဆုံး Teaser နဲ့တင် ပရိသတ်တွေကြားထဲမှာ ရေပန်းစားလူကြိုက်များသွားခဲ့တဲ့ ဒီ Mulan ဇာတ်ကားဟာ လာမယ့် ၂၀၂၀ ခုနှစ် မတ်လ၂၇ရက်နေ့မှာမှ ပိတ်ကားပေါ်ကို ရောက်ရှိလာမှာလည်း ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။