ဆံပင်ပုံစံရော အကျီင်္ိအရောင်ပါ တူနေတဲ့ နေခြည်ဦး နဲ့ ၀တ်မှုံရွှေရည်

Posted on - Jul 8 []

May Phyo

စာရေးသူ

ပရိသတ်တွေရဲ့ အချစ်တော် နှစ်ယောက်လဲဖြစ် လက်ရှိ ရုပ်ရှင်ဇာတ်ကားတွေလဲ များစွာရိုက်ကူးနေရတဲ့ အကယ်ဒမီ ၀တ်မှုံရွှေရည်နဲ့ Beauty Blogger မလေးနေခြည်ဦးတို့ဟာ PAING PHYO THIHA TRADING Company ရဲ့ skincare နှင့် cosmetics မျိုးစုံရနိုင်တဲ့ Showroom ဖွင့်ပွဲ ကိုတက်ရောက်လာကြပြီး အပြာရောင်ဂါဝန်လေးတွေနဲ့ ပွဲတက်ခဲ့ကြ ပါတယ်။ သူတို့နှစ်ဦးကိုချစ်တဲ့ ပရိသတ်တွေကတော့ ဆံပုံစံတောင် ကာလာကွဲတာဘဲရှိပြီး ဆင်တူနေတယ်လိ ဆင်တူနေတယ် လို့ပြောနေကြပါတယ်။

သူတို့နှစ်ဦးဟာ ရန်သူဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့ကြပြီး ပရိသတ်အားပေးမှုတွေလဲများစွာ ရရှိခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ဦးကို ပွဲတွေမှာအတူတွေ့ရလေ့ရှိပါတယ်။ ၀တ်မှုံရွှေရည် ရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ လတ်တလောမှာ နှစ်ပါးသွား update ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာဖြစ်ပြီး မကြာသေးမှီကမှလဲ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခဲ့ပါတယ်။ သူမကတော့ အနုပညာလောကမှာ အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပြီး အကယ်ဒမီ ၂ဆုကိုလဲ ထိုက်ထိုက်တန်တန်ရရှိထားသူလဲဖြစ်ပါတယ်။

ချီချီလေးကတော့ Beauty Bloggger အဖြစ်နာမည်ကြီးလူသိများခဲ့ရာမှ ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားတွေ များစွာ ရိုက်ကူးနေပြီး သရုပ်ဆောင်အဖြစ်ရပ်တည်လာသူလဲဖြစ်ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ မကြာခင် မှာ ခိုင်သင်းကြည် နဲ့အတူရိုက်ကူးထားတဲ့ ပုရိသ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာဘဲ ဖြစ်ပါတယ်။ ဖတ်ရှု့ပေး ကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ပရိသတ်ကြီးရေ ချီချီလားးး ? ကစ်ကစ်လားးး ? ပြောပြပေးခဲ့ကြပါဦးနော်။

May Phyo(MML)
Source – naychioo’s fb, wuttmhoneshweyi’sfb
Photo – amazing grace

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။