၂၀၁၉အတွင်းထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင်တွေထဲမှာ အကောင်းဆုံးအဖြစ် သတ်မှတ်ခံနေရတဲ့ 'Maharshi'

Posted on - Jul 8 []

Htoo Yan Ag

စာရေးသူ

အိန္ဒိယရုပ်ရှင်တွေဟာ ၂၀၁၉ခုနှစ်ထဲမှာ ဇာတ်ကားကောင်းရှားပါးနေခဲ့ပါတယ်။ ကမ္ဘာကျော်မင်းသားကြီးတွေ အသက်အရွယ်ရလာတဲ့အပြင် နောက်တက်မင်းသားသစ်လေးတွေ ပရိသတ်သိပ်မရသေးတဲ့ အခြေအနေမျိုးကြောင့် ပရိသတ်အကြိုက် ဇာတ်ကားတွေလည်း ဒီနှစ်အတွင်း ပြောပလောက်အောင် မထွက်ပေါ်လာသေးပါဘူး။ ဒါပေမယ့် မေလက ရုံတင်ခဲ့တဲ့ 'Maharshi' ဆိုတဲ့ ဇာတ်ကားကတော့ မကြာသေးမီ ကာလကမှ မြန်မာပရိသတ်တွေကြား နာမည်ကြီးနေခဲ့ပြီး ၂၀၁၉ခုနှစ်အတွင်းထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင်တွေထဲမှာ အကောင်းဆုံးအဖြစ် သတ်မှတ်ခံနေရပါတယ်။

IMDB Rating 7.9 အထိ ရရှိထားခဲ့တဲ့ 'Maharshi' ရုပ်ရှင်ဟာ ပြီးခဲ့တဲ့နှစ်က 'Bharat Ane Nenu' ဇာတ်ကားမှာ ဝန်ကြီးချုပ်ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ မင်းသား Mahesh Babu ရဲ့ နောက်ထပ် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ တေလ်ဂူဇာတ်ကားတစ်ကားဖြစ်ပေမယ့်လည်း ရိုက်ကူးမှု ၊ ဇာတ်လမ်းဇာတ်အိမ်နဲ့ ရုပ်ရှင်ထဲမှာ အသုံးပြုခဲ့တဲ့ စကားလုံးတစ်လုံးချင်းစီတိုင်းမှာ အဓိပ္ပါယ်တွေ ပြည့်နှက်လို့နေပါတယ်။

'Maharshi' ရုပ်ရှင်မှာတော့ မင်းသား Mahesh Babu ဟာ အောင်မြင်တဲ့ ဆော့ဖ်ဝဲလ်သမားတစ်ယောက် ၊ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ အအောင်မြင်ဆုံး စံပြပုဂ္ဂိုလ်​အဖြစ် သတ်မှတ်ခံထားရသူ။ ဒါပေမယ့် သူဟာ ဒီနေရာကို ရောက်ရှိလာဖို့အတွက် ဘာတွေပေးဆပ်ခဲ့ရလဲ။ သူ့ရဲ့ချစ်သူ ၊ အချစ်ဆုံးသူငယ်ချင်း ၊ ပိုက်ဆံမရှိပေမယ့် အမြဲပျော်ရွှင်နေတဲ့ အဖေ ၊ ဒါတွေကို စွန့်လွှတ်ပြီး အောင်မြင်မှုနောက်ကို သူလိုက်ခဲ့တယ်။ ဒါပေမယ့် ငွေကြေးတွေသာ ပြည့်စုံလာခဲ့ပေမယ့် နှလုံးသားရဲ့ လိုအင်တွေကို ဖြည့်ဆည်းဖို့ လိုအပ်လာတဲ့အခါ...

ဒီဇာတ်ကားမှာတော့ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အနစ်နာခံပေးဆပ်မှု ၊ မိဘနဲ့ သားသမီးတို့ရဲ့ ဆက်ဆံရေး ၊ လူငယ်တွေအတွက် ပျော်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသားဘဝ နဲ့ အချစ်ရေး စတဲ့ ကဏ္ဍအစုံကို ရသတစ်မျိုးချင်းစီ မထပ်စေရအောင် တင်ဆက်ပေးနိုင်ခဲ့ပါတယ်။ တေလ်ဂူးဇာတ်ကားဖြစ်တာကြောင့် အိုဗာဖြစ်နေတဲ့ ဖိုက်တင်ဇာတ်ဝင်ခန်းတွေ ပါဝင်ပေမယ့် ဒါဟာလည်း အိန္ဒိယရုပ်ရှင် ကြည့်ရှုရခြင်းရဲ့ အရသာတစ်ခုပဲလေ။

Maharshi - Trailer

ဇာတ်လမ်းရဲ့နောက်ပိုင်းမှာလည်း ရုန်းကန်နေရတဲ့ အခြေခံလူတန်းစား လယ်သမားတွေရဲ့ ဘဝကို အကောင်းဆုံးပုံဖော်ထားတဲ့ Maharshi ရုပ်ရှင်ဇာတ်ကားဟာ အိန္ဒိယဇာတ်ကားတွေကိုမှ နှစ်သက်ကြတဲ့ ပရိသတ်တွေ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။