အလှဆုံးသောမျက်နှာပိုင်ရှင်တွေရဲ့ စာရင်းမှာ အမြဲတမ်းလိုလိုပါဝင်လေ့ရှိတဲ့ ထိုင်းအနုပညာရှင်များ

Posted on - Jul 8 []

Mia Zin

စာရေးသူ

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မီဒီယာအသီးသီးဟာ က ကမ္ဘာ့အချောဆုံးနဲ့ အခန့်ညားဆုံးမျက်နှာပိုင်ရှင်တွေရဲ့စာရင်းကို မကြာခဏဆိုသလိုပြုလုပ်ရှိပြီး ထိုစာရင်းတွေထဲမှာ အခုတင်ဆက်ဖော်ပြပေးချင်တဲ့ ထိုင်းအနုပညာရှင် (၅) ယောက်ကတော့ အမြဲတမ်းလိုလိုပါဝင်လေ့ရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Blackpink’s Lisa

ဘိုမအရုပ်လေးတစ်ရုပ်လိုမျိုးလှပတဲ့ Blackpink ရဲ့ အဖွဲ့ဝင်ဖြစ်သူ Lisa ကတော့ အင်စတာဂရမ်မှာ Follower အများဆုံးသော K-pop Idol ဖြစ်တဲ့အပြင် ထိုင်းလူမျိုးအနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ကမ္ဘာ့အချောဆုံးသော အမျိုးသမီးအနုပညာရှင်တွေရဲ့ စာရင်းမှာ ပါဝင်လေ့ရှိတဲ့ ထိုင်းလူမျိုးအနုပညာရှင်လည်း ဖြစ်ပါသေးတယ်။

2. Yaya Urassaya

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည်ကြီးမင်းသမီးချောဖြစ်တဲ့ Yaya Urassaya ဟာဆိုရင်လည်း အလှအပနဲ့ဆိုင်တဲ့ အဆင့်သတ်မှတ်ချက်တွေမှာ အမြဲတမ်းလိုလိုပါဝင်လေ့ရှိတဲ့သူုဖြစ်ပါတယ်။

3. Mai Davika

Pee Mak မင်းသမီးလေး Mai Davika ရဲ့ လှရက်လွန်းပြီး ဆွဲဆောင်မှုပြည့်တဲ့အလှတရားတွေကိုတော့ ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ သူမဟာလည်း အလှဆုံးဆိုတဲ့ စာရင်းတွေမှာပါဝင်လေ့ရှိတဲ့ ထိုင်းမင်းသမီးတစ်လက် ဖြစ်ပါတယ်။

4. Mario Maurer

ချောမောခန့်ညားတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ Mario Maurer ဟာဆိုရင်လည်း မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ထိုင်းသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူဟာဆိုရင်လည်း ချောမောကြည့်ကောင်းတဲ့စာရင်းတွေထဲမှာ ပါဝင်လေ့ရှိတဲ့သူပါ။

5. Nadech Kugimiya

Nadech Kugimiya ကလည်း သူ့ရဲ့ ချစ်သူဖြစ်တဲ့ Yaya Urassaya လိုမျိုးပဲ ကြည့်ကောင်းချောမောဆုံးသောသူတွေရဲ့ စာရင်းမှာ ပါဝင်လေ့ရှိတဲ့ ထိုင်းမင်းသားတစ်ယောက် ဖြစ်ပါတယ်။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။