မောင်နှမအရင်းအချာတွေလိုမျိုး ရင်းနှီးကြတဲ့ ထိုင်းအနုပညာရှင် (၆) ယောက်

Posted on - Jul 8 []

Mia Zin

စာရေးသူ

အခုတင်ဆက်ဖော်ပြပေးမှာကတော့ သွေးသားရင်း မောင်နှမတွေလိုမျိုး ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိကြတဲ့ ထိုင်းအနုပညာရှင် ၆ ယောက် ဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်သူတွေနဲ့ အရမ်းကိုခင်မင်ရင်းနှီးကြတယ်ဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Anne Thongprasom and Kimmy Kimberley Anne Voltemas

မကြာခဏဆိုသလို အလုပ်အတူတွဲဖက်လုပ်ခဲ့ကြတဲ့ Anne Thongprasom နဲ့ Kimmy Kimberley တို့ဟာ ညီအစ်မအရင်းတွေလိုမျိုး ခင်မင်ရင်းနှီးကြတဲ့ သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြပါတယ်။ အကြောင်းကိစ္စရှိတဲ့အခါတိုင်းလည်း တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးတိုင်ပင်တတ်ကြပြီး အားပေးမှုတွေလည်း ရှိကြတယ်လို့ သိရပါတယ်။

2. Aum Patchrapa and Pooklook Fonthip

နာမည်ကြီး သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ Aum Patchrapa နဲ့ Pooklook Fonthip တို့ကတော့ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ရှိလာခဲ့ကြတာ အတော်ကြာပါပြီ။ သူမတို့ ၂ ယောက်ဟာ အားတဲ့အချိန်တွေမှာလည်း အတူတူ နိုင်ငံခြားခရီးတွေကို သွားရောက်လည်ပတ်တတ်ကြသူ ဖြစ်ပါတယ်။

3. Great Warintorn and James Jirayu

မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသား James Jirayu ကတော့ မင်းသား Great Warintorn နဲ့ ခင်မင်ရင်းနှီးတဲ့သူဖြစ်ပါတယ်။ Great Warintorn က အင်တာဗျူးအတော်များများမှာဆိုရင် James Jirayu ကို "ကျွန်တော်ရဲ့ညီလေး" ဆိုပြီး သုံးနှုန်းပြောလေ့ရှိသူဖြစ်ပါတယ်။

ပရိသတ်ကြီးတို့အနေနဲ့ သွေးသားရင်းမောင်နှမတွေလိုမျိုး အထင်မှားရလောက် ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိကြတဲ့ တခြားသော ထိုင်းအနုပညာရှင်တွေကိုရော သိကြရဲ့လားဆိုတာကို ပြောခဲ့ကြပါဦးနော်။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။