Disney ရဲ့ အခမ်းနားဆုံးဖန်တီးမှုအဖြစ် ထွက်ရှိလာခဲ့တဲ့ ‘Maleficent: Mistress of Evil’ Official Trailer

Posted on - Jul 9 []

Htoo Yan Ag

စာရေးသူ

Disney ရုပ်ရှင်ထုတ်လုပ်ရေးဟာ Maleficent ဇာတ်ကားတွေရဲ့ နောက်ဆုံးထွက် ဇာတ်လမ်းဖြစ်တဲ့ ‘Maleficent: Mistress of Evil’ Official Trailer ကို ဖြန့်ချိလိုက်ပါပြီ။ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ Sleeping Beauty ဇာတ်ကားရဲ့ အဆက်အဖြစ် ရိုက်ကူးထားပြီး Trailer နဲ့တင် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။

ကမ္ဘာကျော်မင်းသမီး အင်ဂျလီနာဂျိုလီက အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Maleficent: Mistress of Evil ဇာတ်ကားမှာတော့ လူသားတွေနဲ့ မှော်သတ္တဝါတို့ရဲ့ စွမ်းအားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပြီး ရှေ့ကထွက်ရှိပြီးခဲ့တဲ့ Maleficent ဇာတ်ကားတွေထက် ပိုမိုကောင်းမွန်တဲ့ ရိုက်ချက် ၊ အသံပြုလုပ်မှု တွေကို ခံစားရမှာ ဖြစ်ပါတယ်။

Disney ဟာ ယခင်က အောင်မြင်ခဲ့ပြီးသား animation ဇာတ်ကားတွေဖြစ်တဲ့ Beauty and the Beast, Aladdin, Lion King စတဲ့ ဇာတ်ကားတွေကို Live-Action အဖြစ် ပြန်လည်အသက်သွင်းပြီး ဝင်ငွေတွေ ထပ်မံရှာဖွေနေခဲ့ကာ ယခု Maleficent ဟာလည်း Disney ရဲ့ Live-Action ဇာတ်လမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

Official Trailer: Disney's Maleficent: Mistress of Evil

ဒီ Maleficent: Mistress of Evil ဇာတ်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၈ရက်နေ့မှာ တရားဝင် ရုံတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။ Disney ရဲ့ အကောင်းဆုံး လက်ရာတစ်ခုဖြစ်တဲ့ Maleficent ဇာတ်ကားကို မဖြစ်မနေ သွားရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။