Idol အဆိုတော် Justin Bieber နဲ့တွဲဖက်ပြီး သီချင်းသစ်ထွက်ရှိဖို့ သဲလွန်စပေးလိုက်တဲ့ Billie Eilish

Posted on - Jul 10 []

Htoo Yan Ag

စာရေးသူ

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ အမျိုးသမီးအဆိုတော်တွေထဲမှာ Billie Eilish ဟာ စံပြတစ်ယောက်ပါ။ တစ်ကမ္ဘာလုံးမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ဆယ်ကျော်သက်အဆိုတော်မလေး Billie Eilish ဟာ သူမအရမ်းလေးစားအားကျခဲ့ရတဲ့ Idol အဆိုတော်ဖြစ်သူ Justin Bieber နဲ့တွဲဖက်ပြီး သီချင်းသစ်ထွက်ရှိလာမယ်လို့ အရိပ်အမြွက်ပြောကြားလာခဲ့ပါပြီ။

Billie Eilish ဟာ သူမရဲ့ ပွဲဦးထွက် Albumဖြစ်တဲ့ When We All Fall Asleep, Where Do We Go? မှာ ဘယ်ဧည့်သည်အဆိုတော်ကိုမှ အသုံးပြုခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်က အမေရိကန်ရက်ပ်ပါ Vince Staples နဲ့ “&Burn,” ဆိုတဲ့သီချင်းကို ပထမဦးဆုံး duet song အဖြစ်ထုတ်ဝေခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၁၈တုန်းကလည်း Billie Eilish ဟာ နာမည်ကြီးအဆိုတော် Khalid နဲ့ Lovely ဆိုတဲ့သီချင်းကို တွဲဖက်သီဆိုခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ပရိသတ်တွေကို surprise လုပ်တဲ့အနေနဲ့ သူမအရမ်းကို လေးစားအားကျရတဲ့ အဆိုတော် Justin Bieber နဲ့တွဲပြီး collab လုပ်ဖို့ သဲလွန်စတစ်ခုပေးလာခဲ့ပါတယ်။

Billie Eilish ဟာ သူမရဲ့ Instagram story မှာ " ပရိသတ်တွေကို တစ်ခုခုပေးဖို့ရှိနေပါတယ်။ " လို့ ရေးသားထားခဲ့ပြီး ပြီးခဲ့တဲ့ တစ်လကမှ ပြန်ဆိုထားခဲ့တဲ့ “All The Good Girls Go To Hell,” ရဲ့ lyric video နဲ့အတူ တင်ထားခဲ့တာ ဖြစ်ပါတယ်။ သူမတင်ပြီး မကြာမီမှာပဲ Justin Bieber ဟာ သူ့ရဲ့ Twitter အကောင့်မှာ “Remix.” ဆိုတဲ့ စာသားတစ်လုံးတည်းပဲ တင်ထားခဲ့ပါတယ်။

Justin Bieber ရဲ့ tweet ကို Billie Eilish ရဲ့ အစ်ကိုလည်းဖြစ် သီချင်းထုတ်လုပ်သူလည်းဖြစ်တဲ့ Finneas ဆိုသူက retweet ပြန်လုပ်ခဲ့တာကြောင့် “All The Good Girls Go To Hell” သီချင်းကိုများ Justin Bieber နဲ့ Billie Eilish တို့ အတူတွဲဖက်ပြီး Remix version နဲ့ ပြန်လည်သီဆိုတော့မှာလားဆိုပြီး ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။

တကယ်တမ်းသာဆိုရင်တော့ JB ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ Billie Eilish အတွက်တော့ မဟာအောင်မြင်မှုကြီးတစ်ခုလို့ သတ်မှတ်နိုင်ပြီး နောက်ထပ် ပရိသတ်အသစ်တွေ ထပ်မံရရှိလာဦးမှာ အသေအချာပါပဲ။ Billie Eilish ဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကပဲ သူမရဲ့ Idol JB နဲ့ Coachella 2019 ပွဲမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါသေးတယ်။

REF : uproxx
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။