လိင်ပိုင်းဆိုင်ရာ တရားမျှတမှုအတွက် ကမ္ဘာကျော်အနုပညာရှင်တွေပါ ပူးပေါင်းပါဝင်လာပြီဖြစ်တဲ့ "Me Too movement"

Posted on - Jul 10 []

Htoo Yan Ag

စာရေးသူ

"Me Too movement" ဆိုတာဘာလဲ? ဒါဟာ နိုင်ငံသားတိုင်း သိရှိထားသင့်တဲ့ အရာတစ်ခုပါ။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နှောင့်ယှက်မှုတွေကို အဓိက ဆန့်ကျင်တဲ့ movement တစ်ခု ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် အောက်တိုဘာလကတည်းက လူမှုကွန်ရက်တွေပေါ်မှာ စတင်ပျံ့နှံ့လာခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ ကမ္ဘာကျော်အနုပညာရှင်တွေကပါ ပူးပေါင်းပါဝင်လာကြပါပြီ။

၂၀၀၆ခုနှစ်မှာ Tarana Burke ဆိုတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးက အလုပ်ခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ဖို့ "Me too" ဆိုတဲ့ စကားလုံးကို ပထမဆုံး စတင်သုံးစွဲခဲ့ပါတယ်။ အောက်တိုဘာလထဲမှာ နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နှောင့်ယှက်မှုနဲ့ အမျိုးသမီးအယောက်၈၀ထက်မနည်း ဆန္ဒပြခဲ့ကြပါတယ်။ Weinstein ကြောင့်ပဲ "Me too" လို့ခေါ်တဲ့ အသေးစား လူမှုကွန်ရက် campaign လေးဟာ တဖြည်းဖြည်းနဲ့ အားကောင်းလာခဲ့ပြီး Weinstein တစ်ယောက် အဓမ္မပြုကျင့်မှုနဲ့ အခြားပြစ်မှုများအတွက် နယူးယောက်မှာ အဖမ်းခံခဲ့ရပါတယ်။

Weinstein အဖမ်းခံလိုက်ရပြီးနောက်ပိုင်းမှာ အရှိန်ရလာတဲ့ "Me Too movement" ကို ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး Alyssa Milano ကိုယ်တိုင် Twitter ကနေတစ်ဆင့် စတင်လှုပ်ရှားလာခဲ့ချိန်မှာတော့ အောင်မြင်စပြုနေတဲ့ "Me too" ဆိုတဲ့ စကားလုံးလေးဟာ ပရိသတ်တွေအကြားမှာ တစ်ဟုန်ထိုး နာမည်ရလာခဲ့ပြန်ပါတယ်။

Alyssa Milano ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူများကို စိတ်ဓါတ်ခွန်အားပြန်လည်တက်ကြွစေမယ့် အားပေးစာများ ရေးသားပြီး Tweet တိုင်းမှာ (#MeToo movement) နဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Milano ရဲ့ အားတက်သရော ကြိုးပမ်းမှုတွေကြောင့် နောက်ပိုင်းမှာ Iron-Man ဇာတ်ကားထဲက Tony Stark ရဲ့ဇနီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Gwyneth Paltrow , Divergent ဇာတ်ကားထဲက မင်းသမီးကြီး Ashlay Judd , The Hunger Game ဇာတ်ကားနဲ့ နာမည်ရလာတဲ့ မင်းသမီး Jennifer Lawrance , Bat-Man မင်းသမီး Uma Thurman နဲ့ အဆိုတော် Lady Gaga စတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေပါ ပူးပေါင်းပါဝင်ကာ "Me Too movement" ကို ထောက်ခံအားပေးလာကြပါတယ်။

တစ်ကမ္ဘာလုံးက အလိုမရှိတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို အပြီးသတ်ချေမှုန်းနိုင်ဖို့ဟာ လူသားတိုင်းနဲ့သက်ဆိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုသာ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ အသက်ရှင်နေထိုင်တဲ့ ကမ္ဘာကြီးဟာ ယခုထက်ပိုမို အေးချမ်းသွားမှာဖြစ်ပြီး ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက် ကမ္ဘာကျော် အနုပညာရှင်တွေနဲ့အတူတကွ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

REF : wikipedia
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။