ဘရာမ၀တ်ပဲ လေဆိပ်ကိုရောက်ရှိလာတဲ့ MAMAMOO အဖွဲ့ဝင် Hwasa

Posted on - Jul 10 []

Mia Zin

စာရေးသူ

MAMAMOO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Hwasa ကတော့ လတ်တလောမှာ ဘရာမ၀တ်ပဲ လေဆိပ်ကိုရောက်ရှိလာတာကြောင့် လတ်တလောမှာ အွန်လိုင်းအသုံးပြုသူ ကိုရီးယားလူမျိုးတွေရဲ့ စိတ်ဝင်စား၊ အာရုံစိုက်မှုကို ရရှိနေပါတယ်။ လုံးကြီးပေါက်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့သူမဟာ သူမရဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ ပတ်သတ်ပြီး မကြာခဏဆိုသလို လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိသူတစ်ယောက် ဖြစ်ပါတယ်။

ဒါပေမယ့် ဘရာမ၀တ်တာနဲ့ ပတ်သတ်ပြီး အများရဲ့ အာရုံစိုက်စိတ်ဝင်စားမှုကို ရရှိတာကတော့ ဒါက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုရမှာပါ။ Hwasa ဟာ MAMAMOO အဖွဲ့နဲ့အတူ ဟောင်ကောင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ SBS Super Concert ကို တက်ရောက်ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့မှာတော့ အင်ချွန်းနိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့တုန်းက လေဆိပ်ကိုရောက်ရှိလာတဲ့ သူမဟာ အဖြူရောင်တီရှပ်ပြောင်ကို ရိုးရှင်းစွာ ၀တ်ဆင်လာခဲ့ပေမယ့်လည်း အတွင်းမှာတော့ ဘရာလုံး၀၀တ်ဆင်လာခြင်းမရှိတာကို သိလိုက်ရချိန်မှာတော့ သူမရဲ့ ပရိသတ်တွေသာမက တခြားသော လူအများပါ အံ့အားသင့်ခဲ့ကြရပါတယ်။

မြင်တွေ့သူ ပရိသတ်တွေကတော့ သူမ၀တ်ဆင်လာခဲ့တဲ့ ဖက်ရှင်နဲ့ ပတ်သတ်ပြီး အံ့အားသင့်ဆွံ့အခဲ့ပေမယ့်လည်း သူမကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်နဲ့ အပြုံးတွေဆင်မြန်းပြီး လေဆိပ်ကို ရောက်ရှိလာတာကို တွေ့ရပါတယ်။

သူမကိုယ်တိုင် ရွေးချယ်ဝတ်ဆင်လာတဲ့ ဖက်ရှင်နဲ့ ပတ်သတ်ပြီး ဝေဖန်ကြတဲ့သူတွေလည်း ရှိကြသလို အကောင်းမြင်တဲ့စိတ်နဲ့ အားပေးထောက်ခံကြတဲ့ ကိုရီးယားလူမျိုးတွေလည်းရှိကြပြီး သိပ်မကြာခင်မှာ လွတ်လပ်ပေါ့ပါးတဲ့ခံစားမှုကို ပေးနိုင်တဲ့ ဘရာမ၀တ်တဲ့ဖက်ရှင်က ကိုရီးယားမှာ ခေတ်စားလာဖို့ကိုလည်း မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

ဘရာမ၀တ်ပဲ လေဆိပ်ကိုရောက်ရှိလာတဲ့ Hwasa

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။