မကြာခင်​ နာမည်​ကြီးလာဦးမယ့်​ ​ရွှေအိမ်​စည် ​အကြမ်းစား သရုပ်​​ဆောင်​ထားတဲ့ Ar T ရဲ့သီချင်းသစ်

Posted on - Jul 10 []

Myint Myat

စာရေးသူ

အမိုက်​စားသီချင်း​တွေကို ခံစားချက်​အပြည့်​နဲ့ သီဆိုပြီ ပရိသတ်​​တွေကို ချပြ​လေ့ရှိတဲ့ အဆို​တော်​ Ar T က​တော့ လူငယ်​ပရိသတ်​​တွေ အခိုင်​အမာရရှိထားတဲ့ အဆို​တော်​တစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ Ar T က ​မော်​ဒယ်​ ​ရွှေအိမ်​စည်​ အမိုက်​စား သရုပ်​​ဆောင်​ထားတဲ့ သီချင်းသစ်​​လေးတစ်​ပုဒ်​ကို မကြာခင်​မှာ ချပြ​တော့မယ့်​အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ Ar T ရဲ့ သီချင်းသစ်​ထဲမှာ သရုပ်​​ဆောင်​ထားတဲ့ အိမ်​စည့်​ရဲ့ပုံရိပ်​​တွေက​တော့ အရမ်းကို လန်း​နေတာပါ​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ မကြာခင်​ ပရိသတ်​​တွေကြားမှာ နာမည်​ကြီးလာဦးမယ့်​ ​ရွှေအိမ်​စည်​ အမိုက်​စားသရုပ်​​ဆောင်​ထားတဲ့ Ar T ရဲ့ သီချင်းအသစ်​ထဲက ပုံရိပ်​တစ်​ချို့ကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။

Ar T က​တော့ "Broken Paradise ရဲ့ music video အမြည်းလေးကို မနက်ဖြန်ညမှာ Shwe Eain Si ရဲ့ personal account ကနေတင်ပေးမယ်နော်။ အခုတော့ပုံလေးတွေပဲအရင်ကြည့်ထားပေးပါနော်။ Official Music Video ကိုတော့ သောကြာနေ့ (၁၂.၀၇.၂၀၁၉) နေ့လယ် (၁၂)နာရီမှာ AR-T page ကနေတင်ပေးမှာပါ။...ချစ်သယ်..." ဆိုပြီး "Broken Paradise" ဆိုတဲ့ သူ့ရဲ့ သီချင်းသစ်​​လေးထဲက အမိုက်​စားပုံရိပ်​​တွေ ​ဝေမျှ​ပေးထားတာပါ။

Wow! အရမ်းလန်းတယ်​ အိမ်​စည်​ရယ်​.. .

အဆိုတော် Ar-T ကတော့ သီချင်းကောင်းများစွာကို ကိုယ်တိုင်ဖန်တီးပြီး၊ ပရိသတ်တွေကိုချပြလေ့ရှိတဲ့ အဆိုတော်တစ်ဦးဆိုလည်းမမှားပါဘူး။ Ar-Tကတော့ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း သီချင်းကောင်းတွေ များစွာပါဝင်တဲ့ "Moving Colors " ဆိုတဲ့ သီချင်းခွေလေးကို ထွက်ရှိထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို စိတ်​ဝင်​စားစရာ​ကောင်းတဲ့ Ar T ရဲ့"Broken Paradise" သီချင်းဗီဒီယိုလေးထွက်​လာရင်​ အား​ပေးကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Ar T's Facebook
Photo:Ria Bo Vich

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။